Sunday, July 3, 2016

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့စားသောက်ဆိုင်တစ်ဆိုင်ကို အကြမ်းဖက်သမားများ ဝင်ရောက်စီးနင်း



The Mirror Daily's photo.
ဒါကာ ဇူလိုင် ၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၏ စားသောက်ဆိုင်တစ်ဆိုင်တွင် ဓားစာခံများဖမ်းဆီးထားသည့် အကြမ်းဖက်သမား ခြောက်ဦးကို ဘင်္ဂလားဒေ့ရှ်လုံခြုံရေး ရဲအရာရှိများက သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။
အဆိုပါအကြမ်းဖက်မှုတွင် လူ ၂ဝ ခန့်သေဆုံးခဲ့ကြောင်း သတင်းများအရသိရသည်။ ရဲအရာရှိများက နိုင်ငံခြားသား သုံးဦးအပါအဝင် ဓားစာခံ ၁၃ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်။
ဇူလိုင် ၁ ရက်ည ၁ဝ နာရီခန့်တွင် လက်နက်ကိုင်ဆောင်ထားသော အကြမ်းဖက်သမားများက စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဆိုင်အတွင်းရှိ စားသုံးသူများအား ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ ရဲအရာရှိများနှင့် အကြမ်းဖက်သမားများအပြန်အလှန် ပစ်ခတ်ရာတွင် ရဲအရာရှိနှစ်ဦးသေဆုံးခဲ့ပြီး လူပေါင်း ၃ဝ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အကြမ်းဖက်သမားတစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။ ပြန်လည်လွတ်မြောက်လာသော ဓားစာခံ ၁၃ ဦး အနက်တစ်ဦးသည် ဂျပန်လူမျိုးတစ်ဦးဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သမားများသည် မည်သည့်အဖွဲ့အစည်း ကဖြစ်သည်ကိုမူ ယခုထိတိုင် စုံစမ်းဆဲဖြစ်သည်။ ယင်းအကြမ်းဖက်သမားများသည် အိုင်အက်စ်စစ်သွေးကြွအဖွဲ့နှင့် ဆက်စပ်မှုရှိကြောင်း အာမက်သတင်းဌာနက ရေးသားထားသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အကြမ်းဖက်သမားများသည် မည်သည့်အဖွဲ့အစည်းက ဖြစ်သည်ကိုမူ အတည်ပြုပြောကြားခြင်း မရှိသေးပေ။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment