
ရန်ကုန် ဇူလိုင် ၂
ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ကျောက်မြောင်းကြီးစံပြရပ်ကွက် သီတာလမ်းတစ်လျှောက်နှင့် ကျောက်ရေတွင်းလမ်းဆုံတို့တွင် လျှပ်စစ်ဓာတ်မီးတိုင်များ၌ နေအိမ်တိုက်ခန်းများမှ သွယ်တန်းချိတ်ဆက်ထားသည့် ရှုပ်ထွေးဆားဗစ်ကြိုးများကို 4 PVC Cabel များဖြင့် အစားထိုးလဲလှယ် တပ်ဆင်ပေးလျက်ရှိကြောင်း ဇူလိုင်၂ ရက် နံနက်က တာမွေမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးကျော်စန်းနှင့် လက်ထောက်မန်နေဂျာ အင်ဂျင်နီယာဦးစိုးမိုး တို့ထံမှသိရသည်။
''သီတာလမ်းတစ်လျှောက်မှာရှိတဲ့ လျှပ်စစ်ဓာတ်မီးတိုင်တွေကနေပြီး ဆားဗစ်ကြိုးသွယ်တန်းထားတဲ့ တိုက်ခန်းတွေကို စံပြအနေနဲ့လူအင်အားနဲ့ နည်းပညာတွေပံ့ပိုးကူညီပြီး လျှပ်စစ်အန္တရာယ်ကင်းဝေးစေဖို့ အဓိကရည်ရွယ်တာပါ တိုက်ခန်းတစ်ခန်းစီကို ကြိုးမသွယ်တန်းတော့ဘဲ ကေဘယ်လ်ကြိုး တစ်ချောင်းထဲသွယ်ပြီး တိုက်ခန်းရောက်တော့မှ မာတီဆားဗစ်ဘောက်ထဲကနေ ပြီး ထုတ်ယူသုံးစွဲစေတဲ့စနစ်ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ ကေဘယ်လ်ကြိုး အတိုအရှည် အလိုက်နဲ့ အခြားဆက်စပ်ပစ္စည်းများဖြစ်တဲ့ မာတီဆားဗစ်ဘောက်၊ ကြွေသီး၊ ဝန်ထမ်းကြိုး စတဲ့ပစ္စည်းတွေနဲ့လိုအပ်တာတွေကို မိဘပြည်သူတွေက အကုန်အကျခံပေးရမှာဖြစ်ပါတယ်''ဟု ဒါရိုက်တာအဖွဲ့ဝင်(၁)ဦးထွန်းထွန်းဆွေ က ရှင်းပြသည်။
အဆိုပါလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာသို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် ဒါရိုက်တာအဖွဲ့ဝင်(၁)ဦးထွန်းထွန်းဆွေ၊ အရှေ့ပိုင်းခရိုင် အင်ဂျင်နီယာမှူး ဦးသန်းထွန်းအေးတို့က လာရောက်ကြည့်ရှု့စစ်ဆေးကာ လိုအပ်ချက်များ ကူညီပံ့ပိုးပေးခဲ့ကြသည်။
၅၉၇
No comments:
Post a Comment