
နေပြည်တော် ဇူလိုင် ၂
(၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့(ယနေ့)အထိ ယူရိုငွေ ၃၈၅ ဒသမ ၆၄ သန်း တန်ဖိုးရှိ ကျောက်စိမ်းအတွဲပေါင်း ၃၃၇၉ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း ပြပွဲကျင်းပ ရေးကော်မတီမှ သိရသည်။
ယနေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်း အတွဲအပေါင်း ၁ဝဝဝ ကို ဆက်လက်ရောင်းချရာ ယူရို ငွေ ၅၈ ဒသမ ၆၄ သန်းတန်ဖိုးရှိ ကျောက်စိမ်း အတွဲ ၆၈ဝ ကို ရောင်းချပေးခဲ့သည်။
ပြပွဲဒသမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၁ဝဝဝ ကို ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment