Sunday, July 3, 2016

အီဘရာဟီမိုဗစ်ခ်ျ် မန်ယူရောက်ပြီ




The Mirror Daily's photo.


ပရီမီယာလိဂ်ကလပ် မန်ယူအသင်းသည် ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းမှ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျအား တစ်နှစ်သက် တမ်းရှိစာချုပ်တစ်ရပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက်(၃၄)နှစ်အရွယ်ရှိ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျသည် ဆွီဒင်နိုင်ငံလက်ရွေးစင်အသင်းနှင့်အတူ ပွဲပေါင်း ၁၁၆ ပွဲအထိ ပါဝင်ကစားပေး နိုင်ခဲ့ပြီး ပြီးခဲ့သည့်ဘောလုံးရာသီက ပီအက်စ်ဂျီအသင်းအား ပြင်သစ်ပထမ တန်းချန်ပီယံဖြစ်လာရေးစွမ်းဆောင်ပေးနိုင်ခဲ့သည့် တိုက်စစ်မှူးတစ်ဦး ဖြစ်သည်။

မန်ယူအသင်းသည် ဗီလာရီးယဲလ်နောက်တန်းကစားသမား အဲရစ် ဘေလ်လီအား ပြောင်းရွှေ့ကြေးပေါင် သန်း ၃ဝ ဖြင့် ခေါ်ယူထားပြီးဖြစ်သောကြောင့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျသည် မန်ယူအသင်း၏ ယခုအပြောင်း အရွှေ့ကာလအတွင်း ခေါ်ယူခဲ့သည့် ဒုတိယမြောက်ကစားသမားလည်း ဖြစ်လာခဲ့သည်။

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျသည် ကစားသမားဘဝကို ၂ဝဝ၁ ခုနှစ် တွင် စတင်ခဲ့ပြီး ဘာစီလိုနာအသင်းနှင့် ဂျူဗင်တပ်အသင်းတို့တွင်လည်း ပါဝင်ကစားပေးခဲ့သည်။ ထို့ကြောင့် တိုက်စစ်မှူးအီဘရာဟီမိုဗစ်ခ်ျသည် ကစားသမား ဘဝတစ်လျှောက် ပွဲပေါင်း ၆၇၇ ပွဲပါဝင်ကစားပေးခဲ့ရာတွင် သွင်းဂိုး ၃၉၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သည့်အပြင် လိဂ်ဖလား ၁၃ ကြိမ်အထိ ဆွတ်ခူးပေးနိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျသည် ပီအက်စ်ဂျီအသင်းနှင့်အတူ ပြီးခဲ့သည့်ဘောလုံးရာသီက ပွဲပေါင်း ၅၁ ပွဲပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၅ဝ အထိသွင်းယူပေးနိုင်ခဲ့သည်။ ထို့အပြင် လိဂ်သွင်းဂိုး ၃၈ ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ကလပ်အသင်းအတွက် စံချိန်တင်ဂိုးသွင်းရှင်လည်းဖြစ်လာခဲ့သည်။

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျသည် ပီအက်စ်ဂျီအသင်းတွင် လေးနှစ်ကြာဖြတ်သန်းခဲ့ရာတွင် ဆုဖလားစုစုပေါင်း ၁၂ ကြိမ်အထိ ဆွတ်ခူးပေးနိုင်ခဲ့ သည့်ကစားသမားလည်းဖြစ်သည်။

ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျသည် ပီအက်စ်ဂျီအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့သည့်အပြင် ယူရိုပြိုင်ပွဲတွင် ဆွီဒင်အသင်း အုပ်စုအဆင့်မှာပင် ထွက်ခဲ့ရခြင်းကြောင့် နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှလည်း အနားယူသွားခဲ့ပြီဖြစ်သည်။
(အလင်းသစ်)

No comments:

Post a Comment