Sunday, July 3, 2016

ဇာတ်လမ်းတွဲသစ်ဖန်တီး၍ပရဟိတလုပ်ငန်းများ ဆောင်ရွက်သွားမည့် ဟယ်ရီပေါ်တာစာရေးဆရာမ


The Mirror Daily's photo.
ကမ္ဘာကျော် ဟယ်ရီပေါ်တာဇာတ်လမ်းတွဲများ၏ မူရင်းဝတ္ထုကို ပုံဖော်ရေးသားခဲ့သူ ဗြိတိန်စာရေးဆရာမ ဂျေကေရိုးလင်းက ၂ဝဝ၁ ခုနှစ်က ထွက်ရှိခဲ့သည့် ၄င်း၏Fantastic Beasts and Where to Find Themအမည်ရှိ စာအုပ်ကို ဇာတ်ကား အဖြစ်ပုံဖော်ပြီး ယင်းမှရရှိသည့်အမြတ်ငွေများကို ကလေးငယ်များပြုစုစောင့်ရှောက် နေသည့် ပရဟိတလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
ယင်းဇာတ်ကားကို ဒါရိုက်တာDavid Yates က ပုံဖော်ရိုက်ကူးမည်ဖြစ်ပြီး ပါဝင်မည့်သရုပ်ဆောင်များကို မကြာမီတွင် ပရိသတ်နှင့်မိတ်ဆက်ပေးသွားမည် ဖြစ်ကာ နိုဝင်ဘာလလယ်တွင် စတင်ပြသသွားမည်ဖြစ်ပြီး ဇာတ်ညွှန်းပိုင်းဆိုင်ရာများ ကိုလည်း စာရေးဆရာမ ဂျေကေရိုးလင်းကိုယ်တိုင်ရေးသားထားကြောင်း သိရသည်။
ယင်းရုပ်ရှင်ကို နိုဝင်ဘာ ၁၈ ရက်တွင် အမေရိကန်နိုင်ငံရှိ သရီးဒီနှင့် အိုင်မက်စ်ရုပ်ရှင်ရုံများ၌4K Laser format ဖြင့် ရုံတင်ပြသသွားမည်ဖြစ်ရာ ကြည့်ရှုလိုသူများအနေဖြင့် ကြိုတင်လက်မှတ်များကိုCarnegie Hall ၌ စတင် ဝယ်ယူနိုင်ကြောင်း သိရသည်။ အဆိုပါရုပ်ရှင်မှရရှိသည့်အမြတ်ငွေများကို အမေရိကန် နိုင်ငံရှိ Lumous ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဖြစ်ပြီး ယင်းဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝန်းရှိ မိဘမဲ့ဂေဟာများမှ ကလေးငယ်များကို ကူညီစောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်း တစ်ခုလည်းဖြစ်သည်။
မျိုး စ န္ဒာ မောင် - စု စည်း ရေး သား သည်

No comments:

Post a Comment