
ကင်ဘာရာ ဇူလိုင် ၂
သြစတြေးလျနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပပြီးနောက် ဆန္ဒမဲများ စတင်ရေတွက်လျက်ရှိကြောင်း သတင်းများအရသိရသည်။
အစိုးရအာဏာရ ညီညွတ်မျှတ၊ အမျိုးသားပါတီနှင့် အတိုက်အခံ အလုပ်သမားပါတီတို့၏ မဲရလဒ်များကို ရုပ်သံလိုင်းများက ခန့်မှန်းတွက်ချက်လျက်ရှိကြသည်။
လက်ရှိပါလီမန်၏ အာဏာသက်တမ်းသည် မေလတွင် ကုန်ဆုံးမည်ဖြစ်ပြီး မဲရလဒ်အနိုင်ရရှိသည့် ပါတီက ပါလီမန်ကို ဦးဆောင်မည် ဖြစ်သည်။ အထက်လွှတ်တော်တွင် လွှတ်တော်အမတ် ၇၆ နေရာနှင့် အောက်လွှတ်တော်တွင် လွှတ်တော်အမတ် ၁၅ဝ နေရာတို့အတွက် ပါတီ နှစ်ရပ်မှ လွှတ်တော်အမတ်များ အားပြိုင်နေကြသည်။
အာဏာရပါတီဘက်မှ မဲဆွယ်စည်းရုံးစဉ်က နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် အခွန်နှုန်းထားများလျှော့ချခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လင်း လာရေးအတွက် လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။
အလုပ်သမားပါတီက လူမှုလုံခြုံ ရေးစနစ်များ ကောင်းမွန်လာစေရေးနှင့် ပညာရေးကဏ္ဍတွင် ပြုပြင် ပြောင်းလဲရေးများ အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု မဲဆွယ်စဉ်က ကတိပြုခဲ့ကြောင်းသိရသည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment