Sunday, June 5, 2016

Gucci ရှိုးပွဲအတွက် ပထမဆုံးဖိတ်ကြားခံခဲ့ရသည့် တောင်ကိုရီးယားအနုပညာရှင်တစ်ဦးဖြစ်လာသူ မင်းသမီး ဂေါင်ဟိုဂျင်း




The Mirror Daily's photo.


တောင်ကိုရီးယားရုပ်ရှင်မင်းသမီး ဂေါင်ဟိုဂျင်းအနေဖြင့် Gucci မှ ကျင်းပသည့်ဖက်ရှင်ရှိုးပွဲများတက်ရောက်ရန် ပထမဆုံး ဖိတ်ကြားခံခဲ့ရသည့် တောင်ကိုရီးယားအနုပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။

မင်းသမီး ဂေါင်ဟိုဂျင်းသည် ဇွန် ၂ ရက်က လန်ဒန်မြို့၌ကျင်းပခဲ့သည့် Gucci ရှိုးပွဲကို တက်ရောက်ခဲ့ပြီး ယင်းသည် Gucci ၏ သမိုင်းဝင် အဆောက်အအုံများတွင်ကျင်းပသည့် ပထမဆုံးသော ဖက်ရှင်ရှိုးပွဲတစ်ခု လည်းဖြစ်သည်။

မင်းသမီး ဂေါင်ဟိုဂျင်းသည် ၂ဝဝ၈ ခုနှစ်က ထွက်ရှိခဲ့သည့် Crush and Blush ဇာတ်ကားဖြင့် လူသိများလာခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအနုပညာ လှုပ်ရှားမှုအနေဖြင့် ၂ဝ၁၅ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သည့် The Producers ရုပ်သံဇာတ်လမ်းတွင် မင်းသမီး အိုင်ယူနှင့်လည်းကောင်း၊ It's Okay, That's Love ဇာတ်လမ်းတွဲတွင် လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့သည်။
ဂေါင်ဟိုဂျင်းသည် ယမန်နှစ်ကထွက်ရှိခဲ့သည့် The Producers ဇာတ်ကားဖြင့်ပင် ကေဘီအက်စ်ဒရမ်မာ ဆုပေးပွဲတွင် Best Couple Award ဆုကို ရရှိဆွတ်ခူးခဲ့သူတစ်ဦးလည်းဖြစ်သည်။
မျိုးစန္ဒာမောင်-စုစည်းသည်

No comments:

Post a Comment