Sunday, June 5, 2016

အနုပညာသက်တမ်းခြောက်နှစ်ပြည့်သွားခဲ့တဲ့ SISTAR အဖွဲ့




The Mirror Daily's photo.
၂ဝ၁ဝ ခုနှစ်က စတားရှစ်အင်န်တာတိန်းမန့်မှ မြေတောင်မြှောက်ပေးလိုက်သည့် တောင်ကိုရီးယားအမျိုးသမီးပေါ့ပ် အဖွဲ့သည် ဇွန်၃ ရက်က အနုပညာသက်တမ်း ခြောက်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သဖြင့် အဖွဲ့ကိုအားပေးကြသည့် ပရိသတ်များအား အဖွဲ့ဝင်များက ၎င်းတို့၏ အင်စတာဂရမ်နှင့် တွစ်တာအကောင့်စာမျက်နှာများမှ ကျေးဇူးတင်စကားများ ဆိုခဲ့သည်။
''ဂုဏ်ယူပါတယ် SISTAR အဖွဲ့ဝင်တွေရေ၊ ခြောက်နှစ်ပြည့်ခဲ့ပါပြီ။ နောက်ထပ်လည်း ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်စရာအမှတ်တရတွေကို ဆက်လက်ဖန်တီးကြရအောင်''ဟု SISTAR အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ပုံများနှင့်တကွ ဖော်ပြခဲ့သည်။
SISTAR အဖွဲ့သည် ယခုလလယ်ခန့်တွင် ထွက်ရှိမည့် မီနီအယ်လ်ဘမ်အတွက် အလုပ်များလျက်ရှိနေပြီး ယခုကဲ့သို့ ခြောက်နှစ်ပြည့်နှစ်ပတ်လည်ပါ ရှိလာပြန်သဖြင့် ယခုနှစ်ဂီတရာသီတွင် ၎င်းတို့အဖွဲ့၏ ပွဲထွက်မှုအတွက် လူများပိုမိုစိတ်ဝင်စားလာစေခဲ့သည်။
အမျိုးသမီးတေးသံရှင် လေးဦးဖြင့် ဖွဲ့စည်းထားသည့် SISTAR အဖွဲ့သည် ၂ဝ၁၁ ခုနှစ်က So Cool စတူဒီယိုအယ်လ်ဘမ်ဖြင့် ပရိသတ်များ စတင်အားပေးခဲ့ကြခြင်းဖြစ်ပြီး ယင်းအယ်လ်ဘမ်သည် Billboard Korea K-Pop Hot 100 singles chart တွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။
မျိုးစန္ဒာမောင်-စုစည်းသည်

No comments:

Post a Comment