Sunday, June 5, 2016

ဇာတ်ကားသစ်တွင် မီဒီယာသမားတစ်ဦးအသွင်ဖြင့် မြင်တွေ့ရမည့် ဂျီလီယန်အန်ဒါဆန်



The Mirror Daily's photo.
X-Files ဇာတ်ကားများ၏ ပင်တိုင်မင်းသမီးတစ်ဦးဖြစ်သူ ဂျီလီယန် အန်ဒါဆန်က မကြာမီတွင် Starz ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသမည့် American Gods ရုပ်သံဇာတ်လမ်းတွဲတွင် မီဒီယာသမားတစ်ဦးအနေဖြင့် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက်(၄၇)နှစ်အရွယ်ရှိ အမေရိကန်နှင့်ဗြိတိန် ကပြားလူမျိုး မင်းသမီး တစ်ဦးဖြစ်သူ မင်းသမီး ဂျီလီယန်သည် အဆိုပါသတင်းစကားကို ဇွန် ၃ ရက်က ၎င်း၏တွစ်တာအကောင့်မှတစ်ဆင့် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

''ဒီသတင်းက အမှန်ပါပဲ။ American Gods ရုပ်သံဇာတ်လမ်းတွဲမှာပါဝင် ဖို့အတွက် စိတ်လှုပ်ရှားနေပါတယ်''ဟု အတည်ပြုစကားဆိုခဲ့သည်။

မင်းသမီး ဂျီလီယန်အနေဖြင့် ဗြိတိန်မှုခင်းရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖြစ်သည့် The Fall တွင်လည်း ဆက်လက် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်တွင် အမျိုးသမီးများအတွက် self-help guide စာအုပ်ကို ထုတ်ဝေသွားရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
မျိုးစန္ဒာမောင်-စုစည်းသည်

No comments:

Post a Comment