
မြေပုံ ဇွန် ၇
မြေပုံမြို့ တောင်ပေါ်ရပ်ကွက် ဘင်္ဂါလီ IDP စခန်းတွင် နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးခြင်းလုပ်ငန်းကို ဇွန် ၇ ရက် နံနက်ပိုင်းက ဘင်္ဂါလီ IDP ကယ်ဆယ်ရေးစခန်း ရှင်းလင်းဆောင်၌ အလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြောက်ဦးခရိုင် ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်း ဦးဆောင်ပြီး မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်နှင့်ဝန်ထမ်းများက ယာယီသက်သေခံကတ်ပြားအပ်နှံသူများကို နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်သည်။
အဆိုပါတောင်ပေါ် ဘင်္ဂါလီ IDP စခန်း၌ ယနေ့တွင် ယာယီသက်သေခံ ကတ်ပြားအပ်နှံပြီးသူများအား နိုင်ငံသားစိစစ်ခံရမည်သူ၏ သက်သေခံ ကတ်ပြားထုတ်ပေးရန် စိစစ်ပြီးစီးမှုမှာ အမျိုးသား ၅၇ ဦး ၊ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၁၂၆ ဦးဖြစ်သည်။ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ် ပြားထုတ်ပေးခြင်းလုပ်ငန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ဘင်္ဂါလီများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ဝင်းမင်းစိုး)
No comments:
Post a Comment