
နေပြည်တော် ဇွန် ၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန်အား ယနေ့ညနေ ၄ နာရီခွဲ တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ရေရှည်ဆက်ဆံရေး ပိုမိုကောင်းမွန် စေရန် နယ်စပ်ဒေသစီမံခန့်ခွဲရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးဆိုင်ရာများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့်ကိစ္စရပ်များ တွင် ပတ်ဝန်းကျင်ကောင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း ဖြင့် ဒေသခံပြည်သူလူထု၏ယုံကြည်မှု ကိုရရှိနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment