ဝါရှင်တန် ဇွန် ၅
လော့စ်အိန်ဂျလိစ်မြို့အပြင်ဘက်၌ တောမီးလောင်ကျွမ်းမှုကြောင့် အိမ်ပေါင်း
များစွာ ကူးစက်နိုင်သည့်အတွက် ဒေသခံများကို ဘေးကင်းရာသို့ ပြောင်းရွှေ့
နေထိုင်ကြရန် အာဏာပိုင်များက စနေနေ့က ပြောကြားခဲ့သည်။
ပစိဖိတ်သမုဒ္ဒရာမှ ကုန်းတွင်းပိုင်း ၁ဝ မိုင်အကွာရှိ ကလာဘက်ဆာတွင် ဧက ၂ဝဝ ခန့် တောမီးလောင်ကျွမ်းနေကြောင်း သိရသည်။
အိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၂၅ဝ ခန့် မီးငြှိမ်းသတ်ရန် ကြိုးစားခဲ့ရကြောင်း သိရသည်။ မီးငြှိမ်းသတ်ရန်အတွက် ရဟတ်ယာဉ်များဖြင့် ရေသယ်ယူ ငြှိမ်းသတ် ခဲ့ရကြောင်း မီးသတ်ဌာနက ပြောသည်။
လူဦးရေ ၅ဝဝဝ ခန့် ရွှေ့ပြောင်းပေးခဲ့ကြောင်း ကလာဘက်ဆာမြို့တော်ဝန် တိုနီကော်ရိုလာ၏အပြောကို စီအင်န်အင်န်သတင်းဌာနက ကိုးကားဖော်ပြသည်။
(ရိုက်တာ)

No comments:
Post a Comment