
ဟာဗားနား ဇွန် ၅
ကျူးဘားသမ္မတ ရာအူးလ်ကတ်စထရိုက ကျူးဘားနိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံ နှင့် စည်းလုံးညီညွတ်မှုကို ပြသရန် အတွက် အမေရိကနိုင်ငံများအဖွဲ့(OAS)သို့ ပြန်လည်ဝင်ရောက်မည် မဟုတ်ဟု ပြောသည်။
OAS မှ အထွေထွေအတွင်းရေး မှူးချုပ် လူးဝစ်အယ်မာဂိုက ဗင်နီဇွဲလား နိုင်ငံအပေါ်ပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ဟာဗားနား၌ ပြုလုပ် သည့် ကာရေဘီယံ တိုင်းပြည်များ အစည်းအဝေး၌ မစ္စတာကတ်စထရိုကOAS အဖွဲ့ကို နယ်ချဲ့အရင်းရှင် စနစ်ကြီးစိုးရာ အဖွဲ့အစည်းဟု ခေါ်ဝေါ် ခဲ့သည်။
ထိုအချိန်၌ ယခင် စပိန်ဝန်ကြီး ချုပ်ဟောင်း ဂျိုးဇက်လူးဝစ်ရိုဒရီဂုစ် ဇက်ပတာရိုသည် အကျဉ်းကျခံနေ သည့် ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် လီယိုပိုဒိုလိုပက်ဇ်နှင့် တွေ့ဆုံခဲ့သည်။ လိုပက်ဇ်သည် လွန်ခဲ့ သောနှစ်က ထောင်ဒဏ် ၁၄ နှစ် ကျခံ ပြီးနောက်ပိုင်း မိသားစုဝင်အပြင် အခြား သောလူနှင့် ပထမဆုံးတွေ့ဆုံခြင်းဖြစ် သည်။
ကရာကတ်မြို့အပြင်ဘက်ရှိ ရာမို မာဒီအကျဉ်းထောင်၌ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး မိနစ် ၉ဝ ကြာ တွေ့ဆုံမှုပြုလုပ် ခဲ့သည်ဟု လိုပက်ဇ်၏ အစ်မဖြစ်သူက ပြောသည်။ မစ္စတာဇက်ပတာရိုသည် ဗင်နီဇွဲလားနိုင်ငံရေး ပဋိပက္ခများအတွင်း အစိုးရနှင့် အတိုက်အခံအုပ်စုများကြား စေ့စပ်ညှိနှိုင်းမှုရရှိစေရေး ကြိုးပမ်းလျက် ရှိသည်။
(ဘီဘီစီ)
No comments:
Post a Comment