Sunday, June 5, 2016

မူလွန်ကျောင်း ဆွေးမြည့်ပျက်စီးနေ၍ ပြိုကျမည့်အန္တရာယ် စိုးရိမ်နေ




 

ထင်သာမြင်သာပြုပြင်စရာ


ပဲခူးတိုင်းဒေသကြီး   ကျောက်တံခါးမြို့  ကွင်းတောင်ရပ်ကွက်ရှိ   အခြေခံပညာ မူလတန်းလွန်ကျောင်း၌  နေ့စဉ်ပညာသင်ကြား နေသော    ကျောင်းသား ကျောင်းသူ တစ်ရာကျော်ခန့်ရှိ ကြောင်း သိရသည်။

အဆိုပါကျောင်းသည် လွန်ခဲ့သော ၃၆နှစ်ခန့်က ရပ်ကွက် နေပြည်သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုး တော်ဆောင်များက  ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သော     ခြောက်ပင်၊ လေးပင်   အုတ်ညှပ်သွပ်မိုးတစ်ထပ်   ကျောင်း ဆောင်ဖြစ်ပြီး ယခုအခါ  အဆိုပါကျောင်းမှာ သစ်သားများ ဆွေးမြည့်ခြင်း၊ အုတ်များအက်ကွဲလာခြင်းနှင့်ယိမ်းယိုင်မှု များဖြစ်ပေါ်နေကြောင်း သိရသည်။

''ယခုဒီကျောင်းမှာ ကျောင်းသား ကလေးတွေ ၁ဝဝ ကျော် စာသင်နေပါတယ်။  ကျောင်းက  အခြေအနေတော် တော်ဆိုးနေတယ်။ ဘယ်နေ့ပြိုကျမလဲဆိုတာကိုပဲ  စိုးရိမ်နေ ရတယ်။ပညာရေးဌာနကိုတော့ တင်ပြထားတာ ကြာပါပြီ။ ဘာမှလည်း အကြောင်းမထူးလို့ ကျွန်တော်တို့  ကျောင်းသား မိဘတွေ၊ ကျောင်းအကျိုးတော်ဆောင်တွေအနေနဲ့တင်ပြချင်တာက     သက်ဆိုင်ရာတာဝန်ရှိသူတွေ လာရောက်ကြည့်ရှုပြီး   အမြန်ဆုံး  ပြုပြင်ဆောင်ရွက် ပေးစေချင်ပါ တယ်''ဟုကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးအောင်ကျော်ကပြောသည်။
ခင်ကို(ကျောက်တံခါး)

No comments:

Post a Comment