
၂ဝ ရာစု၏ ဂန္ထဝင်လက်ဝှေ့သမား မိုဟာမက်အလီ သည် ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် အမေရိကန်ပြည်ထောင်စု ကန်တပ်ကီပြည်နယ်၌ မွေးဖွားခဲ့ပြီး ယခု၎င်း၏ အသက်(၇၄)နှစ်အရွယ် တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ မိုဟာမက်အလီသည် Parkinson ရောဂါကို ၃၂ နှစ်ကြာခံစားခဲ့ ရပြီး ဇွန် ၄ ရက်တွင် အမေရိကန်နိုင်ငံ အရီဇိုးနားရှိ ဆေးရုံတစ်ခု၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသား မိုဟာမက်အလီသည် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝကို ၁၉၆ဝ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၄င်း၏အသက်(၂၂)နှစ် အရွယ် (၁၉၆၄ ခုနှစ်)တွင် ဟဲလ်ဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့သည်။ ၄င်း၏ လက်ဝှေ့သမားဘဝ တစ်လျှောက်တွင် ပွဲပေါင်း ၆၁ ပွဲ ယှဉ်ပြိုင်ထိုးသတ် ခဲ့ရာ ၅၆ ပွဲအနိုင်ရရှိခဲ့ပြီး ၃၇ ပွဲအထိ အလဲထိုး နိုင်ပွဲရရှိခဲ့သည်။ ထို့ကြောင့် မိုဟာမက်အလီ၏ လက်ဝှေ့သမားဘဝဖြတ်သန်းမှုအတွင်း ငါးပွဲသာ ရှုံးပွဲကြုံခဲ့သည့် စံချိန်ကိုလည်းတင်နိုင်ခဲ့သည်။
မိုဟာမက်အလီသည် ၁၉၆ဝ ခုနှစ်တွင် အိုလံပစ်လိုက်ဝိတ်ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင် ခဲ့ပြီး ၁၉၆၄ ခုနှစ်မှ ၁၉၇၉ ခုနှစ်ကာလအတွင်း ကမ္ဘာ့ဟဲလ်ဗီးဝိတ်ချန်ပီယံဆု သုံးကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သည်။ ထို့ကြောင့် မိုဟာမက်အလီ သည် ကမ္ဘာ့ဟဲလ်ဗီးဝိတ်ချန်ပီယံဆုကို သုံးကြိမ်အထိဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးလက်ဝှေ့သမားလည်း ဖြစ်လာခဲ့သည်။ မိုဟာမက်အလီသည် အိမ်ထောင်ဆက်လေးဆက်ရှိခဲ့ပြီး သမီးခုနစ်ဦး နှင့် သားနှစ်ဦးတို့ရှိခဲ့သည်။
(ငွေကြယ်)
No comments:
Post a Comment