
သတင်းနှင့် ဓာတ်ပုံ-ရှိုင်းထက်ဇော်
ရန်ကုန် ဇွန် ၎
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် တောင်ကိုရီးယားလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ ကွင်း၌ ကျင်းပရာ တောင်ကိုရီးယားအသင်းက ငါးဂိုးပြတ် အနိုင်ရရှိခဲ့သည်။
တောင်ကိုရီးယား - ငါးဂိုး
မြန်မာ - ဂိုးမရှိ
မြန်မာ - ဂိုးမရှိ
အာဆီယံအမျိုးသမီးပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ကစားသည့် မြန်မာအမျိုးသမီးအသင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း အာရှထိပ်တန်း စာရင်းဝင်အသင်းတစ်သင်းနှင့် ကစားခဲ့ရသောကြောင့် ပွဲအတွေ့အကြုံကောင်း များစွာရယူနိုင်ခဲ့သည်။
မြန်မာအမျိုးသမီးအသင်းမှာ အသင်းခေါင်းဆောင် ခင်မာလာထွန်း အပါအဝင် ရီရီဦး၊ ခင်မိုးဝေ၊ နော်အားလိုဝါးဖောတို့ဖြင့် လူစုံပွဲထွက်ခဲ့ပြီး ခြေစွမ်းပိုင်းမြင့်မားသည့် တောင်ကိုရီးယားအသင်းနှင့် ကစားရခြင်းဖြစ်သော ကြောင့် ခံစစ်အသားပေးပုံစံဖြင့် ကစားခဲ့သည်။ တောင်ကိုရီးယားအသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖူးသည့် အသင်းဖြစ်သောကြောင့် ပွဲကို စိတ်ကြိုက် ကစားသွားခဲ့ပြီး ပထမပိုင်းမှာပင် သုံးဂိုးပြတ် ဦးဆောင်နေသည်။ တောင်ကိုရီးယား အသင်းအတွက် ဂိုးများကို ရှစ်မိနစ်တွင် ဟောင်ဟေဂျီ၊ ၁၈ မိနစ်တွင် ကန်ယူမီ၊ ၃၈ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဂျန်ဆယ်ဂျီတို့က သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ပြီး မြန်မာအသင်းမှာ လှယဉ်ဝင်း၊ အေးအေးမိုးနှင့် မေစံပယ်ဖူးတို့ကိုထည့်ကာ အပြောင်း အလဲပြုလုပ်ခဲ့သည်။ ဒုတိယပိုင်းတွင်လည်း တောင်ကိုရီး ယားအသင်းကသာပွဲကို ဆက်လက်ထိန်းချုပ်ကစားသွား ခဲ့ပြီး ဆွန်ဟွာယွန်က ၆ဝ မိနစ်နှင့် ၆၆ မိနစ်တို့တွင် အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။ မြန်မာအသင်းမှာ ဂိုးပြတ်ရှုံးနိမ့်သော်လည်း အာရှထိပ်သီးအသင်းနှင့် ကစား ခဲ့ရ၍ အတွေ့အကြုံကောင်းများ ရရှိခဲ့သည်။
မြန်မာ-တောင်ကိုရီးယားခြေစမ်းပွဲ ဒုတိယပွဲကို ဇွန် ၇ ရက် ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက် ကျင်းပမည်ဖြစ်သည်။
No comments:
Post a Comment