
နေပြည်တော် ဇွန် ၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E.Mr.Gen NAKATANI နှင့် ယနေ့နံနက် ၈ နာရီ တွင်လည်းကောင်း၊ ဥရောပသမဂ္ဂစစ်ဘက်ရေးရာကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မီခေးလ် ကိုစ်တာရာကော့စ်နှင့် ညနေ ၄ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ ဂျပန်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်နေမှုအခြေအနေ၊ ဂျပန်- အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဆောင်ရွက်နိုင်မှုနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဥရောပသမဂ္ဂစစ်ဘက်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် မြန်မာ့တပ်မတော်နှင့် ဥရောပသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်မှုအတွက် စစ်ဘက်သံတမန်များ ထားရှိရေး၊ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးဆိုင်ရာ သင်တန်းအပါအဝင် လေ့ကျင်ရေးသင်တန်းကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်ဆိုင်ရာများနှင့် ရေရှည်လုပ်ဆောင်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment