Monday, June 6, 2016

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲ ယနေ့ကျင်းပမည်

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် ဇွန် ၅

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ (AYA Bank Cup 2016) တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇွန် ၆ ရက်(ယနေ့)တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ အိမ်ရှင်မြန်မာအသင်းအနေဖြင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသော်လည်း

တတိယနေရာအတွက် ခြေစွမ်းပိုင်းကောင်းမွန်လာသည့် ဟောင်ကောင်အသင်းနှင့်ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။
တတိယနေရာလုပွဲအဖြစ် အိမ်ရှင်မြန်မာအသင်းနှင့် ဟောင်ကောင်အသင်းတို့ ညနေ ၃ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ညနေ ၆ နာရီတွင် ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် ဗီယက်နမ်အသင်းက ဟောင်ကောင်အသင်းကို ပယ်နယ်တီအဆုံး အဖြတ် ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရခဲ့ပြီး စင်ကာပူအသင်းက မြန်မာအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခုပြိုင်ပွဲသည် ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး ယခုပြိုင်ပွဲအောင်မြင်မှုရခြင်းရှိမရှိမှာ ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရေးကို တိုက်ရိုက်သက်ရောက်နိုင်မည်မဟုတ် ဘဲ ယခုပြိုင်ပွဲတွင် ပြသခဲ့သည့် အသင်းလိုက် ခြေစွမ်းနည်းဗျူဟာနှင့် တစ်ဦးချင်း စွမ်းဆောင်ရည်များကသာ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်ရေးကို အထောက် အကူပြုနိုင်မည်ဖြစ်သည်။

စင်ကာပူအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် မြန်မာအသင်း၏ လိုအပ်ချက်၊ အားနည်း ချက်များကို တွေ့ရှိခဲ့ရပြီး ပြိုင်ပွဲမတိုင်မီ အချိန်မီပြင်ဆင်ခွင့်ရခဲ့သည်။ မြန်မာအသင်း အနေဖြင့် ယခုပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ခွင့် ဆုံးရှုံးခဲ့သော်လည်း အဆိုး ထဲမှ အကောင်းကိုပြန်ကြည့်လျှင် အားနည်းချက်များကို ပိုပြီး ဂဃနဏ သိခွင့်ရခဲ့ သည်။

ဟောင်ကောင်အသင်းနှင့် ကစားရမည့် တတိယနေရာလုပွဲတွင် မြန်မာအသင်း အနေဖြင့် မည်သည့်ရလဒ်ပင်ထွက်ပေါ်ပါစေ အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဖြစ် သည်။ ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရန် ပြောင်းလဲသင့်သည်ကိုပြောင်း၍ ပြင်ဆင်သည့်ကို ပြင်ဆင်ရမည်ဖြစ်သည်။ ဆူဇူကီးဖလားပြိုင်ပွဲ စတင်ရန် ငါးလကျော် လိုသေးရာ ပြင်ဆင်ရန်အချိန်မီသေးသည်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာအသင်းသည် တတိယနေရာလုပွဲကစားရမည့် ဟောင်ကောင်အသင်း နှင့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက ဟောင်ကောင်၌် ခြေစွမ်းကစားခဲ့ပြီး မြန်မာအသင်း မှာ ငါးဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်အနေဖြင့် ၄င်းလက်ထက်တွင် ဟောင်ကောင်အသင်းနှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပြီး နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခြင်း ရှိ မရှိစောင့်ကြည့်ရမည် ဖြစ် သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာသုံးသောင်းခွဲ ချီးမြှင့်မည်ဖြစ်သည်။ ပထမဆု-အမေရိကန် ဒေါ်လာ နှစ်သောင်း၊ ဒုတိယဆု-အမေရိကန်ဒေါ်လာတစ်သောင်း၊ တတိယဆု-ဒေါ်လာ ငါးထောင်ချီးမြှင့်သွားမည်ဖြစ်သည်။

No comments:

Post a Comment