လှဝင်းအောင်(ပြန်/ဆက်)
တာမိုးညဲ ဇွန် ၆
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မူဆယ်ခရိုင် တာမိုးညဲမြို့ ဒေသခံများနှင့် တက်ကြွလှုပ်ရှားသူများစုပေါင်းပြီး မြို့အနီးအနားရှိ ဘိန်းခင်း များနှင့် ဘိန်းစခန်းများကို ယနေ့နံနက် ၉ နာရီက လိုက်လံ ဖျက်ဆီးမီးရှို့ ခဲ့သည်။
၎င်းတို့သည် ကချင်နှစ်ခြင်းဘုရားကျောင်းတွင် စုဝေးပြီး တာမိုးညဲမြို့ဒေသခံ ဘိန်းတိုက်ဖျက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒဘမ်လမွန်းက ဦးဆောင်သည့် ဒေသခံတက်ကြွစွာ ပါဝင် လှုပ်ရှားသူများ စုစုပေါင်းဦးရေ ၁ဝဝ ခန့် စုပေါင်းကာ မြို့အနီး အနားပတ်ဝန်းကျင်ရှိ ဘိန်းစခန်းများကို လိုက်လံဖျက်ဆီးရာ မူးယစ်ဆေးဝါးအသုံးပြုရာတွင် အသုံးပြုသော ဆေးထိုးအပ်များ၊ စိတ်ကြွဆေးပြားများနှင့် ရောင်းဝယ်သူတစ်ဦး ဖမ်းဆီးရမိ သည်။
ထိုသို့ပြုလုပ်ရခြင်းသည် တာမိုးညဲမြို့အတွင်း မူးယစ် ဆေးဝါးကင်းစင်စေလိုသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ် ပြီး ဖမ်းဆီးရမိသူများကို မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ထားကြောင်း သိရသည်။
No comments:
Post a Comment