ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရက် ၁ဝဝ စီမံချက်
တွေ့ဆုံမေးမြန်း - ရဲခေါင်ညွှန့်
မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်သူဦးရေ ၂၁၈၇၂၅၃၉ ဦး (၂၂ သန်းခန့်)
ရှိသည့်အနက် အစိုးရယ္တရားအောက်တွင် အလုပ်လုပ်ကိုင်နေသူ ၁၃၄၆၁၁၁ ဦး (၁ ဒသမ
၃၅ သန်းခန့်) ရှိသည်ဟု ၂ဝ၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော
မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းအရ သိရှိရသည်။
ပြည်သူ့ဝန်ထမ်းများသည် ပြည်သူ့ဝန်ထမ်းဆိုသည့် အဓိပ္ပာယ်နှင့်အညီ ပြည်သူ့ဝန်ကိုထမ်းဆောင်ရမည့်သူများ၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဝန်ဆောင်ပေးမည့်သူများ၊ ပြည်သူ့ အစေအပါး၊ ပြည်သူ့ကျွန် Civil Services Academy (CSA) ဟုခံယူ၍ ပြည်သူ့အတွက် အပြည့်အဝဆောင်ရွက်ပေးမည်ဆိုသည့် စိတ်ဓာတ်မျိုး ဝန်ထမ်းတိုင်းထားရှိရန် လိုအပ်သည်။
ပြည်သူ့ဝန်ထမ်းများသည် ပြည်သူ့ဝန်ထမ်းဆိုသည့် အဓိပ္ပာယ်နှင့်အညီ ပြည်သူ့ဝန်ကိုထမ်းဆောင်ရမည့်သူများ၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဝန်ဆောင်ပေးမည့်သူများ၊ ပြည်သူ့ အစေအပါး၊ ပြည်သူ့ကျွန် Civil Services Academy (CSA) ဟုခံယူ၍ ပြည်သူ့အတွက် အပြည့်အဝဆောင်ရွက်ပေးမည်ဆိုသည့် စိတ်ဓာတ်မျိုး ဝန်ထမ်းတိုင်းထားရှိရန် လိုအပ်သည်။
ပြည်သူ့ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်မြင့်မားစွာ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများရွေးချယ်ခြင်း၊ အရည်အသွေးမြှင့်လေ့ကျင့်ခြင်းအပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် အရေးပါသည့်အခန်းကဏ္ဍမှ ပါရှိနေသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရက်ပေါင်း ၁ဝဝ စီမံချက်နှင့်ပတ်သက်၍ သိရှိနိုင်ရန် ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌ ဦးဝင်းသိန်းအား တွေ့ဆုံမေးမြန်းထားသည်။
ဦးဝင်းသိန်း
ဥက္ကဋ္ဌ
ပြည်ထောင်စုရာထူးဝန်အဖွဲ့
မေး ။ ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ ရက် ၁ဝဝ
အတွင်းမှာ ဘာတွေ အကောင်အထည်ဖော်ဆောင်ရွက် သွားမလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့
ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ကို အထက် မြန်မာပြည်မှာရှိတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နဲ့တစ်ပြေးညီ ခေါ်ဝေါ်နိုင်ဖို့အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဆိုပြီး အမည်ပြောင်းလဲသွားဖို့ရှိပါတယ်။
နောက်တစ်ခုက ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှု အောက်မှာရှိနေတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ တပ်ဆင် အသုံးပြုလျက်ရှိတဲ့ တက္ကသိုလ်တံဆိပ်၊ လက်မောင်းတံဆိပ်တွေက ခေတ်ကာလအားဖြင့် လျော်ညီမှုမရှိတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က နိုင်ငံတကာတက္ကသိုလ်၊ အကယ်ဒမီတွေမှာ အသုံးပြုနေတဲ့ logo၊ တံဆိပ်၊ ဆောင်ပုဒ်တွေကို အခြေခံပြီးတော့ တံဆိပ်အသစ်၊ logo အသစ်နဲ့ ဆောင်ပုဒ်အသစ်တွေ ဗဟို ဝန်ထမ်းတက္ကသိုလ် နှစ်ခုမှာ အသုံးပြုနိုင်ရေးအတွက် ပြင်ဆင် သတ်မှတ်ဆောင်ရွက်နေပါတယ်။
မေး ။ ။ အဓိကကျတဲ့ ဝန်ထမ်းရွေးချယ်ရေးမှာ ယခင်နဲ့ ယခု
ပြောင်းလဲကျင့်သုံးမယ့် မူဝါဒတွေများရှိသလားဆိုတာ သိလိုပါတယ်။
ဖြေ ။ ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့က တာဝန်ယူဆောင်ရွက်
ရတဲ့ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအသီးသီးအတွက် လိုအပ်တဲ့ အရည်အသွေးမြင့် အရာထမ်းကောင်းတွေ ရွေးချယ်ပေး တဲ့နေရာမှာ လက်ရှိအသုံးပြုနေတဲ့ ရေးဖြေစာမေးပွဲတွေမှာ အင်္ဂလိပ်စာ၊ မြန်မာစာ၊ အထွေထွေဗဟုသုတစတဲ့ ဘာသာရပ် တွေအလိုက် မေးခွန်းပုံစံတွေကို မေးမယ့်အစား Civil Service ကို အခြေခံမေးမယ့်မေးခွန်းQuestion Type and pattern တွေကို ပြောင်းလဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အရာထမ်း ဝင်မေးခွန်းပြောင်းလဲမှုအနေနဲ့ ပြည်သူ့ဝန်ထမ်းလိုတဲ့ အကြောင်း အရင်းခံနဲ့ စိတ်နေစိတ်ထားကို ပေါ်လွင်စေမယ့် မေးခွန်းပုံစံမျိုးမေးဖို့ ပြောင်းလဲကျင့်သုံးသွားပါမယ်။ ဧပြီ လ ၂၉ ရက်နေ့က သက်ဆိုင်ရာ တက္ကသိုလ်တွေက မေးခွန်းတွေ ပြုစုတဲ့နေရာမှာ တာဝန်ယူရတဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံညှိနှိုင်းပြီးဖြစ်ပါတယ်။
နောက်ပြီး ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုမှာ ဖွင့်လှစ်ပို့ချနေတဲ့ တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမတွေအတွက် အထူးမွမ်းမံသင်တန်းနဲ့ အခြေခံပညာဆရာ ဆရာမတွေ အထူး မွမ်းမံသင်တန်းတွေကို မပေးတော့ပါဘူး။ မေလ ၁၆ ရက်နေ့က ဖွင့်တဲ့ အမှတ်စဉ် (၉၇)နဲ့ ဇွန်လ ၁၈ ရက်နေ့မှာဖွင့်မယ့် သင်တန်း အမှတ်စဉ် (၆၆)ကိုပဲ နောက်ဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဆရာ ဆရာမတွေကို မွမ်းမံသင်တန်းတွေ ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ ဆက်လက် ဖွင့်လှစ်ခြင်း မပြုတော့ပါဘူး။ ပညာရေးဝန်ကြီးဌာနကပဲ ဆရာ ဆရာမတွေရဲ့ လေ့လာသင်ယူထားရှိမှုများအပေါ် အခြေခံပြီး သင့်လျော်တဲ့ သင်တန်းတွေအဖြစ် ဖွင့်လှစ်လေ့ကျင့်သင်ကြား ဆောင်ရွက်ရေးကို ၆-၅-၂ဝ၁၆ ရက်နေ့က နိုင်ငံတော်သမ္မတရုံးကို တင်ပြလမ်းညွှန်မှုခံယူခဲ့တဲ့နေရာမှာ ၁ဝ-၅-၂ဝ၁၆ ရက်စွဲပါစာနဲ့ ခွင့်ပြုကြောင်း ပြန်လည်အကြောင်းကြားစာကို ရရှိပြီးပါပြီ။ ဒါကြောင့် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ ဖွင့်လှစ်ဖို့ သတ်မှတ် ထားတဲ့ တက္ကသိုလ်၊ ကောလိပ်ဆရာ ဆရာမတွေ အထူးမွမ်းမံ သင်တန်းတွေကို အမှတ်စဉ် (၉၇)နဲ့ (၆၆)တို့ ဖွင့်လှစ်ပြီးတာနဲ့ ဆက်လက်ဖွင့်လှစ်ရန် မရှိတော့ဘူးဆိုတာ ရက်ပေါင်း ၁ဝဝ အတွင်း ကျွန်တော်တို့ ဆောင်ရွက်မယ့်အစီအစဉ်ထဲမှာ ထည့်သွင်း ပြောကြားလိုပါတယ်။
ပြည်သူ့ဝန်ထမ်းတွေရဲ့ အကျိုးအတွက်ကတော့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က တာဝန်ယူရေးဆွဲခဲ့ပြီး ၂ဝ၁၃ ခုနှစ် မတ်လမှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆၂ အရ လုပ်သက်နှစ် ၃ဝ ပြည့်ရင် ပင်စင်ယူတဲ့ကိစ္စရယ်၊ နောက် ၂ဝ၁၄ ခုနှစ် မတ်လနောက်ဆုံးပတ်ရက်စွဲနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေတွေမှာပါဝင်တဲ့ နှစ်ပြည့် ပင်စင်၊ လုပ်သက်ခွင့်၊ မီးဖွားခွင့်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မီးဖွားခွင့်မှာဆို ကလေးရဲ့ဖခင်ဖြစ်သူအတွက် ကလေးပြုစု စောင့်ရှောက်ခွင့်ရရှိဖို့ကိစ္စကို ဝန်ထမ်းတွေအနေနဲ့ တကယ့် လက်တွေ့နယ်ပယ်မှာ အမှန်တကယ် အပြည့်အဝခံစားနိုင်ရေး၊ စိတ်ချမ်းမြေ့စွာနဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး တို့အတွက် ဒီရက်ပေါင်း ၁ဝဝ အတွင်းမှာ ပြည့်စုံခိုင်မာတဲ့ဥပဒေ၊ နည်းဥပဒေတွေဖြစ်လာအောင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်း၊ ထုတ်ပြန်နိုင်ရေးကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သက်ဆိုင် ရာအဖွဲ့အစည်းတွေနဲ့လည်း ညှိနှိုင်းပြီးဖြစ်သလို ပြည်ထောင်စု ရှေ့နေချုပ်ရုံးကိုလည်း သဘောထားမှတ်ချက် တောင်းခံထား ပါတယ်။
မေး ။ ။ ဝန်ထမ်းတွေ ရွေးချယ်လေ့ကျင့်တဲ့နေရာမှာကော
ဘာတွေကို ဘယ်လိုပြုပြင်ပြောင်းလဲသွားမလဲဆိုတာ သိလိုပါတယ်။
ဖြေ ။ ။ ဝန်ထမ်းလေ့ကျင့်ရေးအပိုင်းမှာ နှစ်ပိုင်းဆောင်ရွက်
သွားဖို့ရှိပါတယ်။ နံပါတ်တစ်က အရည်အသွေးပြည့်မီတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေ မွေးထုတ်ပေးဖို့အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခုမှာ Civil Services Academy (CSA) တွေကို ဖွင့်လှစ်သွားမယ်။ အဲ့ဒီ Academy တွေကနေ အရာထမ်း လောင်းတွေအတွက် ဘွဲ့လွန်ဒီပလိုမာ(Post- graduate Diploma) ချီးမြှင့်မယ်၊ Mid Level အရာထမ်းတွေအတွက် အဆင့်မြင့်ဒီပလိုမာ (Advanced Diploma)တွေ ချီးမြှင့်မယ်၊ နောက်ညွှန်ကြားရေးမှူးအဆင့်တွေအတွက် မဟာဘွဲ့ (Master Degree) တွေ ချီးမြှင့်မယ်။ အဲ့ဒီလို ချီးမြှင့်နိုင်ဖို့အတွက် သင်တန်း ရေးရာကိစ္စရပ်တွေကို ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်။
နံပါတ်နှစ်ကတော့ Civil Services Academy(CSA)ကိုဖွင့်လှစ်နိုင်ဖို့ ကျွန်တော်တို့ စတင်ဆောင်ရွက်နေပြီ။ အဲ့ဒီလို ဆောင်ရွက်ရာမှာ ပညာရှင်ဆရာတွေလိုအပ်လာပြီ။ အခုလက်ရှိမှာ တော့ တက္ကသိုလ်တွေမှာရှိတဲ့ ဆရာ၊ ဆရာမတွေထဲကမှ သင့်လျော် တဲ့သူတွေကို သင်တန်းဆရာတွေအဖြစ် လေ့ကျင့်သင်တန်းပေးခြင်း(Training for Deparmental Trainer of Civil Service) ကို ဆောင်ရွက်ဖို့ စီစဉ်လျက်ရှိပါတယ်။
မေး ။ ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ အခြားအခြား
သော ဝန်ကြီးဌာနတွေအတွက် ဝန်ထမ်းတွေကို ရွေးချယ်လေ့ကျင့်ပျိုးထောင်ရတာဆိုတော့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးရှိပါသလား။ နောက်ဝန်ထမ်း တွေအတွက် ဖြေလျှော့ပေးသွားမယ့်စနစ်တွေ ရှိလာနိုင်မလား ခင်ဗျာ။
ဖြေ ။ ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ကတော့ ဗဟို
ဝန်ထမ်းတက္ကသိုလ်တွေမှာ လက်ရှိဖွင့်လှစ်ထားတဲ့ သင်တန်း (၈)မျိုးရှိပါတယ်။ အဲ့ဒီအပေါ်ကို အကြံပြု သုံးသပ်ချက် တွေကိုပို့ပေးဖို့ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းတွေမှာရှိတဲ့ အမြဲတမ်းအတွင်းဝန်တွေဆီမှာ တောင်းခံထားတာ သူ့တို့ရဲ့ အကြံပြုချက်တွေကိုလည်း လက်ခံရရှိပြီးပါပြီ။
မေလ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံးမှာ ဦးစီးဌာနတွေနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေက အဆင့်မြင့်အရာရှိကြီးတွေ ပါဝင်တဲ့ Workshop တစ်ခုကိုလည်း ပြုလုပ်ခဲ့ပြီးပါပြီ။ အဲ့ဒီက ဆွေးနွေးအကြံပြုချက်တွေအပေါ်မှာ အခြေခံပြီးတော့ ထိရောက်မှုရှိတဲ့ သင်တန်းတွေနဲ့ သင်ရိုးညွှန်းတမ်း အသစ်တွေကို ပြင်ဆင်ရေးဆွဲပြုလုပ်သွားမှာပါ။ သင်ရိုးညွှန်းတမ်း ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံတကာ အထောက်အပံ့တွေ ရရှိဖို့ကိုလည်း ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်။ မလိုအပ်တဲ့ သင်တန်းတွေ ဖြုတ်ပစ်ဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
မေး ။ ။ Civil Services Academy (CSA) တွေကို ဖွင့်လှစ်သွားမယ်ဆိုတာနဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းတွေက ဘယ်လိုရှိမလဲဆိုတာ သိလိုပါတယ်။
ဖြေ ။ ။ Civil Services Academy (CSA) မှာ ဘွဲ့လွန်
ဒီပလိုမာ၊ အဆင့်မြင့် ဒီပလိုမာနဲ့ မဟာဘွဲ့တွေပေး မှာဆိုတော့ ဘာသာရပ်ဌာနတွေစုဖွဲ့ဖို့၊ သက်ဆိုင်ရာဘာသာရပ် အလိုက် သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲနိုင်ဖို့ကို စတင်ပြင်ဆင် ဆောင်ရွက်နေပါပြီ။ ထိရောက်မှုရှိတဲ့ သင်ကြားရေးစနစ်ဖြစ်ဖို့ သင်တန်းအမျိုးအစားအလိုက် သင်ရိုညွှန်းတမ်းတွေ ပြောင်းလဲ သတ်မှတ်သွားပါမယ်။
No comments:
Post a Comment