
မြဝတီ ဇွန် ၃
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးနှင့် ချစ်ကြည်ရေး ကားမောင်းခရီးစဉ်အဖြစ် Bright View Travels & Tours Co.,Ltd. နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ အာသံပြည်နယ်အခြေစိုက် North East Federation on International Trade WEFIT ၏ အစီအစဉ်အဖြင့် အိန္ဒိယနိုင်ငံသားဧည့်သည် ၃၁ ဦးတို့သည် မော်တော်ယာဉ် ကိုးစီးဖြင့် ဇွန် ၃ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှတစ်ဆင့် မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်ကာ မြဝတီမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ချစ်ကြည်ရေးကားမောင်းခရီးစဉ်အဖွဲ့သည် မေ ၂၄ ရက်က တမူးမြို့သို့ ရောက်ရှိပြီး တမူး-မုံရွာ-မန္တလေး-တောင်ကြီး-ကျိုင်းတုံနှင့် တာချီလိတ်မြို့များတွင် သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် မေ ၂၇ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာကာ ဇွန် ၂ ရက်အထိ ထိုင်းနိုင်ငံအတွင်း လည်ပတ်ခဲ့ပြီး ယနေ့ နံနက် ၉ နာရီက မြဝတီမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ချစ်ကြည်ရေးကားမောင်းခရီးစဉ်အဖွဲ့သည် မြဝတီမြို့မှ ရန်ကုန်-နေပြည်တော်-ပုဂံ-မုံရွာ-တမူးခရီးစဉ်အတိုင်းသွားရောက်လည်ပတ် မည်ဖြစ်ပြီး ဇွန် ၈ ရက်တွင် တမူးမြို့မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)
No comments:
Post a Comment