Sunday, June 5, 2016

စာရင်းနဲ့ စာရင်းစစ် တိုးတက်မြင့်မားဖို့ ဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်သွားမည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပထမ ရက် ၁ဝဝ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရက် ၁ဝဝ စီမံချက် 

တွေ့ဆုံမေးမြန်း - သူရဇော်(သတင်းစဉ်)၊ ဓာတ်ပုံ-ကျော်ရဲဆွေ(သတင်းစဉ်)

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရက် ၁ဝဝ အတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စု
စာရင်းစစ်ချုပ် ဦးမော်သန်းအား မေးမြန်းထားသည်-
မေး ။ ။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ ရက် ၁ဝဝ
အတွင်းမှာ ဘာတွေဆောင်ရွက်သွားမယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ ရက် ၁ဝဝ အတွင်းမှာ ပြည်သူလူထုတွေ အကျိုးအရှိ
ဆုံးဖြစ်မယ့် စီမံချက်ပထမဦးဆုံးက စာရင်းနဲ့ စာရင်းစစ်တိုးတက်မြင့်မားဖို့ ဆောင်ပုဒ်နဲ့အညီ လုပ်ကိုင်မယ့် အစီအစဉ် (၄) ခု ရှိပါတယ်။ ပထမက စာရင်းနှင့် စာရင်းစစ်ပြခန်း (Account and Audit) ပြပွဲပြုလုပ်ဖို့၊ ဒုတိယက ငွေရေးကြေးရေး အဖွဲ့အစည်းများအပါအဝင် ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ အဖွဲ့အစည်း တွေကို နိုင်ငံတကာစာရင်းစံနဲ့အညီ ဆောင်ရွက်ဖို့၊ တတိယက နိုင်ငံပိုင်ကဏ္ဍမှာ နိုင်ငံပိုင်ကဏ္ဍစာရင်းစံ (International Public Sector Accounting Standard-IPSAS) နဲ့အညီ ဘဏ္ဍာရေးအစီရင်ခံဆောင်ရွက်ဖို့နဲ့ စတုတ္ထက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ ပုံမှန်စစ်ဆေးရေးလုပ်ငန်းတွေကို ပိုပြီး ပီပီ ပြင်ပြင်လုပ်ဖို့ စတဲ့ အစီအစဉ်ရှိပါတယ်။ ပုံမှန်စစ်ဆေးရေးလုပ်ငန်း ကို ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ ဥပဒေနဲ့အညီ ရှိမရှိ စစ်ဆေး ခြင်း၊ လုပ်ငန်းဆောင်ရွက်ချက် စစ်ဆေးခြင်းတွေကိုပိုပြီး အဆင့်မြင့် ဆောင်ရွက်ဖို့ဆိုပြီး လုပ်ငန်းစီမံချက် (၄) ခုရှိပါတယ်။

မေး ။ ။ ငွေရေးကြေးရေးအဖွဲ့အစည်းတွေ အပါအဝင် ပုဂ္ဂလိက
ကဏ္ဍမှာရှိတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံတကာစာရင်း စံနဲ့အညီ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ ဂျာမန်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့
ကမ္ဘာ့ဘဏ်တို့က ငွေရေးကြေးရေးအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ အစိုးရဌာန အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာစာရင်းစံနဲ့အညီ လိုက်နာကျင့်သုံးနေမှုကို ဆန်းစစ် လေ့လာနေပါတယ်။ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်း ကိုင်များအသင်းနဲ့ ဝါဏိဇ္ဇဘွဲ့ရများ အသင်းတွေကလည်း စဉ်ဆက်မပြတ် ပညာရည်တိုးတက်မှုဆိုင်ရာ ဟောပြောပွဲတွေမှာ နိုင်ငံတကာ စာရင်းစံတွေကို တင်ပြလျက်ရှိပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ ရက် ၁ဝဝ စီမံချက်လုပ်ငန်းစဉ်မှာ ဒီစံတွေကို လိုက်နာကျင့်သုံးမှုကို အောက်ခြေလုပ်ငန်းဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေအထိ ဆန်းစစ်လေ့လာတင်ပြဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်းစံတွေ၊ အသေးစားနဲ့ အလယ်အလတ်စားလုပ်ငန်းတွေရဲ့ နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်းစံတွေ လိုက်နာမှုကို ဆန်းစစ်ချက် မေးခွန်းတွေပြုစုပြီး ကုမ္ပဏီတွေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်း တွေကို နမူနာကောက်ရွေးချယ်နည်း (ှောစူငညါ နြအ့သိ) နဲ့ ရွေးချယ်ဆန်းစစ် လေ့လာစိစစ်သုံးသပ်တင်ပြခြင်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး ။ ။ အစိုးရကဏ္ဍဆိုင်ရာ နိုင်ငံတကာစာရင်းစံများကို
လိုက်နာကျင့်သုံးဖို့ အခြေအနေနဲ့ အစိုးရဝန်ကြီးဌာန များအတွက် စစ်ဆေးရေးလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ ။ ။ အစိုးရဌာနတွေအနေနဲ့ လက်ရှိကျင့်သုံးနေတဲ့ စာရင်း
စနစ်က ငွေသားစီးဆင်းမှုကို အခြေခံဖြစ်ပါတယ်။ငွေသားစီးဆင်းမှုအခြေခံH(Cash Basis)မှ စေ့ရောက်မှု အခြေခံH(Accural Basis)သို့ အဆင့်ဆင့် ကူးပြောင်းသွားအောင် လုပ်ပါမယ်။ ငွေသားစီးဆင်းမှုအဆင့်ကနေပြီး တစ်ဆင့်မြင့်ပြီး ရရန်ရှိ၊ ပေးရန်ရှိတွေပါအောင်လုပ်မှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့် အနေနဲ့က စေ့ရောက်မှုကို အတိုင်းအတာ ပိုမြင့်သွားမှာဖြစ်ပါတယ်။ ရုပ်ဝတ္ထုမပါတဲ့ ဒြပ်မဲ့ရပိုင်ခွင့်တွေပါ ပိုင်ဆိုင်မှုထဲပါအောင်ဆိုပြီး အပြည့်လုပ်ရမှာပါ။

မေး ။ ။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ ပုံမှန်စစ်ဆေး
ရေးလုပ်ငန်းလုပ်ဆောင်တဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ ပုံမှန်စစ်ဆေး
ရေးက အဆင့်အမြင့်ဆုံး နိုင်ငံတကာစာရင်းစစ်ချုပ် ရုံးများအဖွဲ့ရဲ့ မူဝါဒ၊ စည်းမျဉ်း၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက် တွေနဲ့အညီ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးစာရင်း စစ်တယ်၊ လုပ်ဆောင်ချက်ကို စာရင်းစစ်တယ်၊ ဥပဒေ၊ စည်းကမ်း တွေနဲ့အညီ လိုက်နာဆောင်ရွက်မှုကို စိစစ်တယ်၊ အဲ့ဒါကို ကျောရိုးထားပြီး လုပ်မှာဖြစ်ပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေနဲ့ လုပ်ငန်းတွေစစ်တဲ့အခါမှာ ပြည်သူနဲ့ တိုက်ရိုက်အကျိုး သက်ရောက်မှုရှိတဲ့ လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
အနေနဲ့ ပုံမှန်စစ်ဆေး ရေးလုပ်ငန်းရပ်တွေနဲ့ပတ်သက်လို့ အဆင့်အမြင့်ဆုံး စာရင်း စစ်ချုပ်ရုံး (Supreme Audit Institution) တို့ရဲ့ မူတွေနဲ့အညီ ဆောင်ရွက်ပါတယ်။ ဆောင်ရွက်တဲ့အခါမှာလည်း ကျွန်တော်တို့ စာရင်းစစ်တယ်ဆိုတာကContinuous Audit ဆိုပြီး တစ်ဆက် တည်း စစ်တာလည်းရှိပါတယ်။
Continuous Auditအနေနဲ့ တစ်ပြေးညီ စစ်ဆေးတာလည်း ရှိပါတယ်။ Special Audit ဆိုပြီး အထူးစစ်တာလည်းရှိပါတယ်။ Project Audit ဆိုပြီးလည်းရှိပါတယ်။ ဒီလိုရှိတဲ့အနက်က သူ့ကိစ္စရပ်အလိုက် ဆောင်ရွက်ပါတယ်။ ဆောင်ရွက်တဲ့အခါမှာ စစ်ဆေးတာနဲ့ပတ်သက်လို့က အမျိုးမျိုးရှိပါတယ်။ Manange-ment Audit နဲ့ Operation Audit တွေလည်းရှိပါတယ်။ သို့သော် ကျွန်တော်တို့က လုပ်ကိုင်ဆောင်ရွက်တဲ့အခါSupreme Audit Institution လမ်းညွှန်ချက်နဲ့အညီFinancial Audit၊ Performance Audit၊ Compliance Audit တို့ကို ရှေ့တန်း တင်ပြီးလုပ်ပါတယ်။ စစ်ဆေးတဲ့အမျိုးအစားက ခုနပြောသလိုပဲ အမျိုးစုံရှိပါတယ်။

မေး ။ ။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ ရှေ့ဆက်ပြီး
ဘယ်လိုလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမလဲ ဆိုတာ သိပါရစေ။
ဖြေ ။ ။ ရှေ့ဆက်ပြီး ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေက
စောစောကပြောတဲ့ စာရင်းနှင့် စာရင်းစစ်ပြခန်း (Account and Audit) ပြပွဲကို ဇူလိုင်လ ၉ ရက်နေ့နဲ့ ၁ဝ ရက်နေ့မှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ လုပ်ပါမယ်။ ဒီပွဲလုပ်တဲ့အခါမှာ စီးပွားရေးတက္ကသိုလ်တွေ၊ ရန်ကုန်တက္ကသိုလ်၊ ပုဂ္ဂလိကစာသင် ကျောင်းတွေ၊ ပြင်ပစာရင်းစစ်တွေ၊ ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ စာရင်းစစ်တွေ၊ ပြည်တွင်းပြည်ပ စာရင်းစစ်တွေ၊ အသင်းအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်း ကိုင်များအသင်း၊ မြန်မာနိုင်ငံ ဝါဏိဇ္ဇဘွဲ့ရအသင်း၊ မြန်မာနိုင်ငံ စာရင်းကောင်စီ၊ မြန်မာနိုင်ငံ စီးပွားရေးတက္ကသိုလ်ဘွဲ့ရများ အသင်းတွေလည်းပါဝင်ပြီး ပြသမှာ ဖြစ်ပါတယ်။ 

A & A Fair ဆိုတဲ့ စာရင်းနဲ့ စာရင်းစစ်ပြပွဲက စာရင်းသည် တိုင်းပြည်အတွက် အင်မတန်အရေးကြီးတယ်ဆိုတာ အားလုံး သဘောပေါက်အောင်၊ တိုင်းပြည်မှာလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းတွေက အရေးကြီးပါတယ်။ သို့သော် လည်း ဒီလုပ်ငန်းတွေရဲ့ ပြယုဂ်အဖြစ်၊ မှန်အဖြစ် စာရင်းမှာပဲ ထင်ဟပ်ပေါ်လွင်နေပါတယ်။ အဲဒီလို ထင်ဟပ်နေတဲ့အတွက် စာရင်း ကိုလည်း မှန်ကန်ဖို့ရာလုပ်ပါမယ်၊ အဲဒီလိုလုပ်နိုင်မှသာ တိုင်းပြည် အဆင့်မှာ နိုင်ငံတော်ဝင်ငွေ စာရင်းတွက်ရာမှာ မှန်မှန်ကန်ကန် ဖြစ်ပါမယ်၊ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးဌာနအနေနဲ့လည်း အခွန် အကောက်ဆိုင်ရာ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အခြားဌာနတွေနဲ့ ဆိုင်တဲ့ အခွန်တွေလည်း အပြည့်အဝစည်းကြပ် ကောက်ခံနိုင်မယ်၊ သက်ဆိုင်ရာအဖွဲ့အစည်းမှာလည်း ကိုယ့်ရဲ့လုပ်ငန်းဟာဘယ်အဆင့် မှာရှိနေတယ်၊ ကိုယ့်အခြေအနေက ဘယ်လိုရှိတယ်ဆိုတာသိမယ်၊ တစ်ဦးချင်း(Stakeholder) အနေနဲ့လည်း ငါတို့အကျိုးစီးပွား ဘယ်လောက်ရှိတယ်၊ ငါတို့အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ သိတယ်၊ တိုင်းပြည်အနေနဲ့ အဲ့ဒီလိုသိတယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်တာက စာရင်းနဲ့ စာရင်းစစ်ကဏ္ဍ တိုးတက်မြင့်မားသွား မယ်ဆိုရင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဆွဲဆောင်နိုင် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ A & A Fair ကို ပြုလုပ်ခြင်းဖြစ်ပါတယ်။
မေး ။ ။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ ပြည်သူတွေကို
ပြောကြားချင်တာများရှိရင် သိပါရစေ။

ဖြေ ။ ။ ပြည်သူတွေကို ပြောကြားချင်တာက ကျွန်တော်တို့ရဲ့
ဒီပြပွဲကို လာရောက်ပြီး အားပေးကြပါ။ လာဖို့ဆိုရာမှာ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်နဲ့ ကျန်ဒေသတွေမှာရှိတဲ့ ပုဂ္ဂိုလ်တွေလာဖို့က နည်းနည်းကြိုးပမ်းအားထုတ်မှုလိုပါမယ်။ သို့သော် ရန်ကုန်မှာရှိတဲ့ ပုဂ္ဂိုလ်တွေက အကုန်လုံးလာပါ။ ကျွန်တော်တို့ကိုကူညီပါ။ စာရင်းစစ်ချုပ်ရုံးအနေနဲ့လည်း တတ်နိုင် သလောက်လုပ်ပါတယ်။ သို့သော် ပြည်သူတွေကိုလည်း မေတ္တာ ရပ်ခံချင်တာက ကျွန်တော်တို့ရဲ့ စာရင်းစစ်ဆေးရေးလုပ်ငန်းကို ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ပေးပါလို့ ပြောကြားချင်ပါတယ်။

No comments:

Post a Comment