Sunday, June 5, 2016

ကမ္ဘာကျော်လက်ဝှေ့သမားကြီး မိုဟာမက်အလီကွယ်လွန်



 
 
 
စကော့သ်စ်ဒေးလ်(အရီဇိုးနား) ဇွန် ၎

၂ဝ ရာစုကာလအတွင်း က္ဘာ့အကျော်အမော်လက်ဝှေ့သမားများထဲက ဂ္ထဝင် လက်ဝှေ့သမားတစ်ဦးဖြစ်သည့် မိုဟာမက်အလီသည် အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာကို နှစ်ရှည်လကြာခံစားခဲ့ပြီးနောက် အသက် ၇၄ နှစ်အရွယ်တွင် ဇွန် ၄ ရက် နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း ယနေ့ထုတ် ရိုက်တာသတင်း တစ်ရပ်၌ ရေးသားဖော်ပြထားသည်။

ကမ္ဘာကျော်လက်ဝှေ့သမားကြီး မိုဟာမက်အလီသည် ၄င်းခံစားနေရသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် ဆေးဝါးကုသမှုခံယူရန့် ဇွန် ၃ ရက်ကစ၍ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခြင်းခံရပြီး နောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ ကွယ်လွန်သွားခြင်းဖြစ်သည်။ အလီ ကွယ်လွန်ကြောင်း သတင်းကို ¤င်း၏မိသားစုပြောရေးဆိုခွင့်ရှိသူ ဘော့ဘ်ဂန်းနဲလ်က ဇွန် ၄ ရက်နှောင်းပိုင်းတွင်ပြုလုပ်သည့် ထုတ်ပြန်ချက်တစ်ရပ်၌ အတည်ပြု ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကားဆီးယက်စ်မာဆဲလာ့စ်ကလေးခေါ် မိုဟာမက်အလီသည် က္ဘာ့လက်ဝှေ့ လောကတွင် ဟဲဗီးဝိတ်ချန်ပီယံ သုံးကြိမ်တိုင်တိုင် ဆွတ်ခူးရရှိနိုင်ခဲ့သည့် ပထမ ဦးဆုံး လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး ¤င်း၏ ဟဲဗီးဝိတ်ချန်ပီယံကာလအတော အတွင်းနှင့် ချန်ပီယံဖြစ်ခဲ့ပြီးသည့် နောက်ပိုင်းကာလအတွင်း က္ဘာ့ခေါင်းဆောင် အမြောက်အမြားနှင့် တွေ့ဆုံခဲ့ကာ ယင်းကာလ၌ က္ဘာ့အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦး အဖြစ် ယူဆခြင်းခံရသူတစ်ဦးဖြစ်သည်။
ထို့အပြင် မိုဟာမက်အလီသည် ယင်းအချိန်က ၄င်း၏ကျော်ကြားသည့် လက်ဝှေ့ပညာနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြောရဲဆိုရဲရှိသည့်စိတ်ဓာတ်ကြောင့် အမေရိကန် ပြည်ထောင်စုမှ အပြင်ဘက် ဝေးလံခေါင်ဖျားသော ကျေးလက်တောရွာ အထိပင် ထင်ရှားကျော်ကြားခဲ့သူတစ်ဦးဖြစ်သည်။ အလီသည် ၁၉၈၁ ခုနှစ်က လက်ဝှေ့လောကမှ အနားယူခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ပါကင်ဆန်ရောဂါ (အကြောအားနည်း၍ ခြေလက်တုန်လှုပ်သည့်ရောဂါ)ဝေဒနာကို ခံစားခဲ့ရခြင်း ဖြစ်သည်။

မိုဟာမက်အလီသည် ပါကင်ဆန်ရောဂါဝေဒနာကို ၃၂ နှစ်ကြာခံစားခဲ့ရခြင်း ကြောင့် လှုပ်ရှားသွားလာမှုနှေးကွေးသည့် ဝေဒနာအပြင် စကားပြောဆိုရာ၌ လေးလံသည့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာဝေဒနာများကိုပါ ခံစားခဲ့ရသည်။ ထို့အပြင် အလီသည် အမေရိကန်ပြည်ထောင်စု၌် လူ့အခွင့်အရေးအတွက် လှုပ်ရှား ဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်သလို ဗီယက်နမ်စစ်ပွဲကိုလည်း ဆန့်ကျင်ကန့်ကွက် ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။ မိုဟာမက်အလီသည် ၁၉၄၂ခုနှစ် ဇန်နဝါရီ ၁၇ ရက်က အမေရိကန်ပြည်ထောင်စု ကင်တာ့ခ်ကင်ပြည်နယ် လူဝီးစ်ဗီလာမြို့၌ မွေးဖွားခဲ့သည်။ (ရိုက်တာ)

No comments:

Post a Comment