ရွှေသောင်ယံ ဇွန် ၎
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ ကမ်းခြေတစ်လျှောက် တွင် ဇွန် ၄ ရက် နံနက်ပိုင်းက ပင်လယ်ဒီ ရေများ မြင့်တက်၍ ကုန်းတွင်းပိုင်းကား လမ်းနားထိ ဒီရေများလျှံတက်ရောက်ရှိ လျက်ရှိသည်ကို တွေ့ရှိရသည်။ ဒီရေမြင့် တက်မှုနှင့်ပတ်သက်၍''မြန်မာရက်စွဲ ၁၄ ရက်နဲ့ ဒီလောက်ရေကြီးတာ တစ်ခါမှမ တွေ့ ဖူးဘူး''ဟု ဒေသခံများက ဆိုကြသည်။
''အချို့နေရာတွေမှာ မာလာ မုန်တိုင်းတိုက်ခတ်စဉ်က တစ်ကြိမ်သာ ရေကြီးမှုကြုံခဲ့တယ်။ ရာသီဥတုကောင်း မွန်ချိန်တွင် ဒီရေမြင့်တက်လေ့ မရှိဘူး။ မြန်မာလ ၁၅ ရက်၊ ၁ ရက်၊ ၂ ရက်နဲ့ ၃ ရက်စတဲ့ ရေထရက်တွေမှာ ဒီရေပိုမိုမြင့် တက်လာနိုင်တယ်''ဟု ဒေသခံများက ပြောသည်။ ကိုကိုမောင် (ပြန်/ဆက်)
No comments:
Post a Comment