ဝါရှင်တန် ဇွန် ၎
ယခုနှစ် ကုလသမဂ္ဂအထွေထွေ ညီလာခံကျင်းပစဉ် သီးခြားအစည်းအဝေးအဖြစ်
သမ္မတအိုဘားမားက ဒုက္ခသည်များအရေး အစည်းအဝေးတစ်ရပ် လက်ခံကျင်းပမည်ဟု
အိမ်ဖြူတော်က ထုတ်ပြန်ကြေညာ သည်။
စက်တင်ဘာ ၂ဝ ရက်တွင် အစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ကြောင်း သောကြာနေ့က အိမ်ဖြူတော် မှ ထုတ်ပြန်ခဲ့သည်။ ဒုတိယက္ဘာစစ်ပြီးကတည်းက လျစ်လျူရှုခဲ့သော နေရာချထားရေး ဆိုင်ရာ အကြောင်းအရာတစ်ခုကို ဖော်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။
က္ဘာတစ်ဝန်း ဒုက္ခသည်ပေါင်း သန်း ၂ဝ ခန့်ရှိပြီး ၄င်းတို့အတွက် ဒုက္ခသည်များ ကာကွယ်ပေး ရေးနှင့် အကူအညီပေးရေးကို ယခင်ကထက်ပို၍ နိုင်ငံတကာနှင့်ပူးပေါင်းပြီး အားထည့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
က္ဘာ့နိုင်ငံများအနေဖြင့်လည်း ဒုက္ခသည်များကို ပိုမိုကူညီကာကွယ်မှု ပေးရမည်ဟု ပါရှိ သည်။
အစည်းအဝေး မျှော်မှန်းချက်များတွင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ အစည်း များနှင့် က္ဘာလုံးဆိုင်ရာ ကရုဏာရှင်များ အဖွဲ့တို့အတွက် ဘဏ္ဍာငွေလျာထားမှုကို အနည်းဆုံး ၃ဝ ရာခိုင်နှုန်းအထိ သတ်မှတ်ရေးနှင့် တစ်ကမ္ဘာလုံး ဒုက္ခသည်များအတွက် နေရာချထားပေးရေးကို နှစ်ဆပြုလုပ်ပေးရန် ပါဝင်သည်။
ပြီးခဲ့သော နွေရာသီကတည်းက အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အခြားဒေသများမှ ဥရောပသို့ ဒုက္ခသည်များဝင်ရောက်မှုမှာ တစ်စတစ်စများပြားလာခဲ့သည်။ ဆီးရီးယားပြည်တွင်း စစ်မှထွက်ပြေး တိမ်းရှောင်လာသူများလည်း ပါဝင်သည်။
(အင်န်အိတ်ခ်ျကေ)

No comments:
Post a Comment