Saturday, June 4, 2016

ဂျပန်၌ စွန့်ပစ်ခံခဲ့ရသော ကလေးငယ် အသက်ရှင်လျက်ပြန်လည်တွေ့ရှိ






တိုကျို ဇွန် ၃

ခပ်ဆိုးဆိုးဂျပန်ကလေးငယ်တစ်ဦးကို ၄င်း၏မိဘများက တောနက်ထဲ၌ စွန့်ပစ် ထားခဲ့ရာ သောကြာနေ့က ထိခိုက် ဒဏ်ရာရမှုမရှိဘဲ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ကလေး ငယ်ပျောက်ဆုံးမှုအတွက် တစ်ပတ် နီးပါးကြာ ရှာဖွေမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သော စနေနေ့က အသက် ခုနစ်နှစ်အရွယ် ယာမာတို တာနိုအိုကာ သည် ကားများကို ကျောက်ခဲများဖြင့် ပစ်ပေါက်နေမှုကြောင့် မိဘများက ¤င်းကို လမ်းဘေး၌ စွန့်ပစ်ခဲ့ရာ ဂျပန်စစ် အခြေ စိုက်စခန်း အနီးဝန်းကျင် ၄ ကီလို မီတာခန့်အကွာ အဆောက်အအုံတစ်ခု ၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
''ဒီနေ့မနက် ကျွန်တော်တို့စစ်သား တစ်ဦးက အဆောက်အအုံ တံခါးကို ဖွင့်လိုက်တဲ့အခါမှာ သူ့ကို တွေ့ရတာပဲ''ဟု ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့မှ အင်န်အိတ်ခ်ျကေ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ကလေးငယ်မှာ ယာမာတိုဖြစ် ကြောင်း ပြောဆိုခဲ့ပြီး ဆာလောင်နေ သည့်အတွက် အဆိုပါ စစ်သားက ပေါင်မုန့်နှင့် ရေအနည်းငယ် တိုက်ကျွေး ခဲ့ရကြောင်း သိရသည်။
ယာမာတိုကို ကျန်းမာရေးစစ်ဆေး ရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ခန္ဓာကိုယ် အပူချိန် လျော့နည်းနေ သည်မှလွဲ၍ ကျန်းမာရေးကောင်းမွန် ကြောင်း ဆရာဝန်က သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
ကလေးငယ်၏ဖခင် တာကာယုကီ တာနိုအိုကာက ကယ်ဆယ်ရှာဖွေရေး သမားများကို ၄င်းတို့၏ ကြိုးစားအား ထုတ်မှုအတွက် ကျေးဇူးတင်ကြောင်း၊ ဒုက္ခပေးသလို ဖြစ်ရသည့်အတွက် တောင်းပန်ကြောင်း မျက်ရည်များဖြင့် ပြောသည်။ ''တကယ်တော့ ကျွန်တော် တို့ရဲ့ လုပ်ရပ်က တော်တော်လွန်ပါ တယ်''ဟု တာနိုအိုကာက အသံတုန် လျက် ပြောဆိုသည်။ ''အခု ကျွန်တော် တို့က သူ့ကို အရင်ထက်ပိုချစ်ပြီး ပိုဂရု စိုက်ပါ့မယ်''ဟု သူက ဆိုသည်။
(ရိုက်တာ)

No comments:

Post a Comment