Saturday, June 4, 2016

ဗင်နီဇွဲလားပြည်သူများ အစားအစာအလိုရှိကြောင်းသမ္မတအိမ်တော်အနီး၌ ဆန္ဒပြ








ကရာကတ်  ဇွန်  ၃

ကရာကတ်ရှိ သမ္မတအိမ်တော်အနီး၌ အစားအစာအလိုရှိကြောင်း အော်ဟစ်ဆန္ဒပြတောင်းဆိုနေသူများကို ဗင်နီဇွဲလားလုံခြုံရေး တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ကြာသပတေးနေ့က ဖြိုခွင်းခဲ့ရကြောင်း သိရသည်။

ဒေါသထွက်နေသော ဗင်နီဇွဲလားနိုင်ငံသားများသည် ကရာကတ်မြို့လယ်ကောင်ရှိ မိရာဖလော်ရာ နန်းတော်ဆီသို့ ဦးတည်ချီတက်လာရာ အဓိကလမ်းမကြီးကို ပိတ်ဆို့တားဆီးနေသော အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရသည်။

လူဦးရေ သန်း ၃ဝ ခန့်ရှိသော ဗင်နီဇွဲလားနိုင်ငံ၌ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရစဉ် သမ္မတ နီကိုးလပ်စ်မာဒူရိုသည် လူထုအုံကြွမှုများနှင့်လည်း ရင်ဆိုင်နေရသည်။

ဆန္ဒပြသူများသည် အနီးရှိ ဈေးဆိုင်များမှ စားစရာပစ္စည်းများကို ကားများဖြင့် လုယက်သယ်ယူနေကြကြောင်း မျက်မြင် သက်သေများက ပြောသည်။ ''ဒီနေရာကို မနက် ၈ နာရီကတည်းက ရောက်နေတာ စူပါမားကတ်မှာရော ဆိုင်ထဲမှာပါ ဘာမှ စားစရာမရှိတော့ဘူး''ဟု ဆန္ဒပြမှုကို ထောက်ခံသော အမျိုးသမီးတစ်ဦးက ပြောသည်။

သူတို့သည် ဆာလောင်မောပန်းနေကြပြီး အစိုးရကလည်း နိုင်ငံရေးသမား အတိုက်အခံများကို တိုင်းပြည်အတွင်း၌ ဆူပူအောင်ပြုလုပ်မှုဖြင့် ပြစ်တင်ပြောဆိုခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ ဝင်များကမူ အခြေအနေကို ထိန်းထားနိုင်ကြောင်း ပြောခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment