Tuesday, June 7, 2016

တန်ဖိုးအကြီးဆုံး ယူရိုပြိုင်ပွဲဝင်အသင်းဖြစ်လာတဲ့ ဂျာမနီ




The Mirror Daily's photo.


ယူရို-၂ဝ၁၆ ပြိုင်ပွဲဝင် အသင်း(၂၄)သင်းဟာ နောက်ဆုံး ဆန်ခါတင်ကစားသမား ၂၃ ဦးစာရင်းကို မေ ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဒီကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးဘယ်လောက်အထိ ရရှိမယ်ဆိုတဲ့အပေါ် မူတည်ပြီး တန်ဖိုးအကြီးဆုံး ဥရောပလက်ရွေးစင်အသင်းကို ဂိုးလ်ဒေါ့ကွန်းက ရွေးထုတ်ပေးခဲ့ပါတယ်။ ဂျာမနီ အသင်းက ပေါင် ၅၆၂ သန်းနဲ့ တန်ဖိုးအရှိဆုံးအသင်းအဖြစ် နံပါတ်(၁)နေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာမှာ စပိန်အသင်း၊ ဘယ်လ်ဂျီယံအသင်းက တတိယနေရာ အသီးသီးရယူထားတာကို တွေ့ရပါတယ်။

ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံဂျာမနီနဲ့ ယူရိုဖလား နှစ်ကြိမ်ဆက် ချန်ပီယံစပိန်တို့ဟာ တန်ဖိုးအမြင့်မားဆုံး ကစားသမားစာရင်းကို ထိပ်ဆုံးက ဦးဆောင်နေတာ သိပ်ဆန်းကြယ်တဲ့ကိစ္စမဟုတ်ပေမယ့် မကြာသေးခင်ကမှ ကမ္ဘာ့ဘောလုံးစင်မြင့်ထက်ကို တက်လှမ်းလာခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းက ဘောလုံးအင်အားကြီးတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ အီတလီအသင်းတွေကို ကျော်ဖြတ်ပြီး တတိယနေရာမှာ ရပ်တည်နိုင်တာကတော့ အနည်းငယ် ထူးခြားတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး အသင်းတွေကတော့ ဟန်ဂေရီ၊ မြောက်အိုင်ယာလန်နဲ့ အယ်လ်ဘေးနီးယားအသင်းတို့ ဖြစ်ကြပါတယ်။
မေလဲ့သင်း - စုစည်းရေးသားသည်

No comments:

Post a Comment