
ရန်ကုန် ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ခွင့် ပြုစည်ပင်သာယာရန်ပုံငွေဖြင့် တာမွေ မြို့နယ်ရှိ နတ်ချောင်း ရေစီးရေလာကောင်းမွန်စေရေး စက်အား၊ လူအားဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့တွင် မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး ဦးသန်းဦး၏ ပြောကြားချက်အရ သိရသည်။
''တိုင်းဒေသကြီးက ခွင့်ပြုပြီး ချထားတဲ့ငွေနဲ့ မြို့နယ်အတွင်းမှာရေ ဆင်းမကောင်းတဲ့ နေရာတွေကို ကန်ထရိုက်စနစ်နဲ့ လုပ်ကိုင်စေတာပါ။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့များ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းဦးနဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်တဲ့ မြို့နယ်ရေစီးရေလာကြီးကြပ် မှုကော်မတီကို ဖွဲ့စည်းပြီး နေ့စဉ် ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါတယ်'' ဟု မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။
အဆိုပါ နတ်ချောင်းရေနုတ် မြောင်းမကြီးသည် အရှည် ပေ၂၂ဝဝ ရှိပြီး ယနေ့အထိရှင်းလင်း ဆယ်ယူ မှုသည်ပေ ၄ဝဝ ခန့်ရှိပြီဖြစ်ကာ နေ့စဉ် စနစ်တကျ ဆယ်ယူသွားမည်ဖြစ်ပါသည်။
ဆက်လက်၍ ရေဝပ်ရေလျှံမှု အဖြစ်များသည့် ယုဇနပလာဇာရှေ့နှင့် မအူကုန်းလမ်းကျယ် ယုဇနလမ်းနှင့် နှင်းဆီလမ်း အောင်မင်္ဂလာမြို့ပတ် ချောင်းများကိုလည်း ရှင်းလင်းဆယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(၅၉၇)
No comments:
Post a Comment