Tuesday, June 7, 2016

၂ဝ၁၆ခုနှစ်အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ရွှေမန်းမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ




The Mirror Daily's photo.


မန္တလေး ဇွန် ၆

မန္တလေးတိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု ဆပ်ကော်မတီကကြီးမှူး၍ ၂ဝ၁၆ ခုနှစ်အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်ရွှေမန်းမောင်နှင့်အမျိုးသား၊ အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဇွန် ၅ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့တော်ခန်းမ၌ကျင်းပရာ မန္တလေး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဇင်၊ တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးဟန်မြိုင်၊ အမျိုးသမီး အားကစားအဖွဲ့အမှုဆောင်များနှင့် အားကစား ဝါသနာရှင်များတက်ရောက်အားပေးကြသည်။

ရွှေမန်းမောင်အငယ်တန်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ ဦး၊ အကြီးတန်းပြိုင်ပွဲတွင်ရှစ်ဦး၊ အမျိုးသားကာယဗလကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ၃ဝ၊ အမျိုးသမီးကာယကြံ့ခိုင်မှု ရွှေမန်းမယ်အငယ်တန်းပြိုင်ပွဲတွင် ၁၂ ဦး၊ အကြီးတန်း ပြိုင်ပွဲတွင် ၁၁ ဦးဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ရွှေမန်း မောင်ပြိုင်ပွဲ၊အမျိုးသား၊အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲများကို အစီအစဉ်အတိုင်း ကျင်းပရာပြိုင်ပွဲဝင်များက သတ်မှတ်ကိုယ်ဟန်တို့ဖြင့် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကြီးကြပ် အကဲဖြတ်ဒိုင်အဖွဲ့ဝင်များကအမှတ်ပေးရွေးချယ်ပေးကြသည်။ ပြိုင်ပွဲအပြီး ရွှေမန်းမောင်၊ရွှေမန်းမယ်၊အမျိုးသား၊ အမျိုးသမီးကာယကြံ့ခိုင်မှုပထမ၊ ဒုတိယ၊ တတိယဆုရ သူများအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော နှင့်တာဝန်ရှိသူများကတံခွန်စိုက်ဆု၊ငွေသားဆု၊ဆု တံဆိပ်များ ပေးအပ်ချီးမြှင့်ကြောင်းသိရသည်။
(မောင်ပြည်သူ)

No comments:

Post a Comment