Monday, June 6, 2016

ရဲတပ်သားသစ် သင်တန်းဆင်းပွဲများ ကျင်းပ

The Mirror Daily's photo.
နေပြည်တော် ဇွန် ၅
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)ရဲလေ့ကျင့်ရေးကျောင်း၊ ရမည်းသင်းတွင် အမျိုးသမီးရဲတပ်သားသစ်သင်တန်း အမှတ်စဉ်(၂၈/၂ဝ၁၅) စည်သူတပ်ခွဲသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၃ ရက် နံနက် ၇ နာရီခွဲတွင် အဆိုပါ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး သုတေသနစီမံကိန်းနှင့် အုပ်ချုပ်ရေးဌာနမှူး ရဲမှူးကြီး ဥမ္မာရင်မီတက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ ၂၁၈ ဦး တက်ရောက်အောင်မြင်ခဲ့သည်။
အလားတူ အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်း ဝက်ထီးကန်တွင် ရဲတပ်သားသစ်သင်တန်းအမှတ်စဉ်(၂၈၄/ ၂ဝ၁၅) တေဇတပ်ခွဲသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန် ၃ ရက် နံနက် ၇ နာရီတွင် အဆိုပါလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပဲခူးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက် တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၁၉၉ ဦး တက်ရောက် အောင်မြင်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment