Monday, June 6, 2016

ကျောင်းသို့သွားရာလမ်းမှသစ်သားတံတားပြုပြင်ပေးရန်မျှော်လင့်

 
 
 
 
ထင်သာမြင်သာပြုပြင်စရာ


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့ရှိ အထက(၂)သို့သွားရာလမ်းမှ သစ်သားတံတားတစ်စင်းသည် သက် တမ်း ကြာရှည်နေပြီးအောက်ခြေပေါင် တန်းများဆွေးမြ့ည့်နေခြင်း၊ လက်ရန်း တိုင် များမရှိတော့ခြင်း၊ အောက်ခင်းကြမ်း ပြင်များကျိုးပဲ့နေခြင်းနှင့် ချုံနွယ်များတွယ် ကပ်နေခြင်းများ တွေ့ရှိရပါသည်။

ယခုကဲ့သို့ ကျောင်းဖွင့်ရာသီတွင် ကျောင်းသူ ကျောင်းသားများအတွက် အန္တရာယ်စိုးရိမ်ရပြီးကုန်းဆင်း၊ ကုန်း တက်နေရာလည်း ဖြစ်နေသဖြင့် ဈေး သွားဈေးလာ၊ ကျောင်းသွားကျောင်းလာ၊ ယာဉ်သွားယာဉ်လာများအတွက် ဘေး ကင်းစွာသွားလာနိုင်ရေးအတွက် ပြုပြင် ရန် တင်ပြထားသည်ဟု တာဝန်ရှိသူများ က ပြောပြထားသော်လည်း ယနေ့အချိန် ထိပြုပြင်မှုမရှိသဖြင့် သက်ဆိုင်ရာမှ ဤတံတားလေးကို အမြန်ဆုံးပြုပြင် ပေး ပါက ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအပြင် ကသာမြို့သူ မြို့သာများအတွက်လည်း စိုးရိမ်စိတ်မရှိတော့ဘဲ အ္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
လူအောင်(ကသာ)


No comments:

Post a Comment