
နေပြည်တော် ဇွန် ၆
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဥရောပသမဂ္ဂ စစ်ဘက်ရေးရာကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မီခေးလ် ကိုစ်တာရာကော့စ်တို့သည် ယနေ့ နံနက် ၁ဝ နာရီတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန၌ တွေ့ဆုံကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား စစ်ဘက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဥရောပသမဂ္ဂ၏ စစ်ရေးအတွေ့အကြုံများ မြန်မာနိုင်ငံသို့ ဝေမျှပေးရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ် များတွင် ဥရောပသမဂ္ဂမှ ဆက်လက်ထောက်ခံ ကူညီဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Gen NAKATANI ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် နံနက် ၁၁ နာရီခွဲတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment