Tuesday, June 7, 2016

တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် အမေရိကန်တိုက်တွန်း



The Mirror Daily's photo.


ပေကျင်း ဇွန် ၆

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားနေသည့် ပိုင်နက်နယ်မြေအငြင်းပွားမှုပြဿနာကို တရုတ်နိုင်ငံအနေဖြင့် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် အမေရိကန်နိုင်ငံက တိုက်တွန်းလိုက်သည်။

နှစ်ရက်ကြာကျင်းပမည့် အမေရိကန်နှင့် တရုတ်နိုင်ငံ တို့ကြား မဟာဗျူဟာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို ဇွန် ၆ ရက်တွင် ပေကျင်းမြို့၌ စတင်ကျင်းပခဲ့သည်။ နှစ်စဉ်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် တရုတ် သမ္မတ ရှီကျင့်ဖျင်က ထိပ်တိုက်တွေ့ဆုံနိုင်သည့် သဘောထားအမြင်များမထားရှိရန် အရေးကြီးကြောင်းနှင့် ယခု လောလောဆယ် ယင်းပြဿနာကိုဖြေရှင်းရန် ခက်ခဲနေ မည်ဆိုပါက နှစ်ဖက်စလုံးက အပြုသဘောဆောင်သော အပြုအမူများဖြင့် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

တောင်တရုတ်ပင်လယ် ပိုင်နက်နယ်မြေအငြင်းပွားမှု ပြဿနာကို တစ်ဖက်သတ်အမြင်၊ တစ်ဖက်သက်အပြုအမူဖြင့် ဖြေရှင်းရမည်မဟုတ်ကြောင်း၊ နိုင်ငံတကာဥပဒေ၊ သံတမန်နည်းလမ်းများဖြင့် စေ့စပ်ညှိနှိုင်းဖြေရှင်းသွားရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment