Tuesday, May 3, 2016

စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ မူဝါဒဖော်ဆောင်ရေး၊ ပုဂ္ဂလိကစီးပွားရေးဏ္ဍတိုးမြှင့်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများ နှစ်နိုင်ငံတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး


The Mirror Daily's photo.
နေပြည်တော် မေ ၂
စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ မူဝါဒဖော်ဆောင်ရေး၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍတိုးမြှင့်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပါအဝင် ကဏ္ဍများတွင် နှစ်နိုင်ငံတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ပြည်ထောင်စု အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ အကြီး အကဲ Ms. Gayle Smith တို့သည် မေ ၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment