Saturday, April 2, 2016

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်




The Mirror Daily's photo.


မုံရွာ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင်(၁၃၇၇)ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလ့ထုံးတမ်းစဉ်လာနှင့်အညီ အစဉ်အလာနှင့်အညီ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် သင်္ကြန်မဏ္ဍပ်များ စတင်ဆောက် လုပ်လျက်ရှိကြောင်း သိရသည်။

မုံရွာမှာ ဒီနှစ်သင်္ကြန် ဗဟိုမဏ္ဍပ်နှင့် ဌာနမဏ္ဍပ်ကြီးခုနစ်ခု ဖြစ်တဲ့ ခရိုင်စုပေါင်းရုံးရှေ့မဏ္ဍပ်၊ ရုံးကြီးရပ် ရုံးကြီးလမ်း ဆည်မြောင်းရုံးရှေ့ မဏ္ဍပ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ မဟာမြိုင် အရှေ့မဏ္ဍပ်၊ ကမ်းနားလမ်းရှိ ပဆင ရုံးရှေ့တွင်မဏ္ဍပ်၊ တမာတန်းလမ်းဆုံရှိ တိုင်းဒေသကြီး လျှပ်စစ်ရုံးရှေ့ မဏ္ဍပ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ချင်းတွင်း ရတနာဈေးရှေ့မဏ္ဍပ်နှင့် ဗိုလ်ချုပ်လမ်းမပေါ်ရှိ အလက(၂)အနီးမှာ မဏ္ဍပ်တွေနဲ့ ကျင်းပသွားမှာပါ၊ လက်ရှိအချိန်မှာ တိုင်းဒေသကြီးအတွင်းက မြို့နယ်ကိုယ်စားပြု အလှပြယာဉ်တွေအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ခုနစ်စီးလာရောက် စာရင်းပေးသွင်းထားပါတယ်ဟု တိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ပုဂ္ဂလိကရေကစားမဏ္ဍပ်များအပြင် ဌာနကိုယ်စားပြုမဏ္ဍပ် ခုနစ်ခု၊ မြို့နယ်နှင့် ရပ်ကွက်ကိုယ်စားပြု အလှပြယာဉ်များမှ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။
(ဖိုးချမ်း-မုံရွာ)

No comments:

Post a Comment