
ရမည်းသင်း ဧပြီ ၁
မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သော စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင် သင်တန်းဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အမေထွေး ခန်းမ၌ မတ် ၃၁ ရက် နံနက် ၈ နာရီခွဲက ကျင်းပသည်။
မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သော ပညာရေးလုပ်ငန်းတစ်ခုဖြစ်သည့် စွန့်ဦးတီထွင် စီးပွားရေးသင်တန်းကို ကမ္ဘာပေါ်တွင် ထင်ရှားသော နည်းစနစ်နှစ်ခုဖြစ်သည့် CEFE Methodology (Action Learning ကိုယ်တိုင်လုပ် ဆောင်ခြင်းတို့ဖြင့်သင်ယူခြင်း) နှင့် ILO-SIYB စီးပွားရေးလုပ်ငန်းစတင်ခြင်းနှင့် တိုးတက်အောင်ပြုလုပ် ခြင်းတို့ဖြင့် ပေါင်းစပ်သင်ကြားမည့် ဒေသတွင်း စီးပွားရေးသင်တန်းကို ရမည်းသင်းမြို့ စိန်လသာပညာရေး စင်တာနှင့် ပူးပေါင်းကာ သင်ကြားသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံရှိ မြို့ ၁၂ မြို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းနည်းပြများအဖြစ် ရမည်းသင်းမြို့မှ ဦးဇော်မင်းစိုး၊ ပျော်ဘွယ်မြို့မှ ဦးဇော်ဇော်ဝင်းနှင့် နေပြည်တော် တပ်ကုန်းမြို့မှ ဦးကျော်စွာလွင်တို့က မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်နေ့အထိ သင်ကြားမည်ဖြစ်သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃ဝ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်ဝင်းအောင်(ရမည်းသင်း)
No comments:
Post a Comment