Saturday, April 2, 2016

မန္တလေးမြို့တွင် အလှူမှတ်တမ်းများကို ဒရုန်းလေယာဉ်ငယ်အသုံးပြုရိုက်ကူးလာ




The Mirror Daily's photo.


မန္တလေး ဧပြီ ၁

မန္တလေးမြို့ရှိ အလှူပွဲများတွင် မှတ်တမ်းရိုက်ကူးပါက ရွှေနန်းတော်အပေါ်စီးမှမြင်ရသည့် မြင်ကွင်း၊ ကျုံးဘေးရှိ လမ်းမပေါ်တွင် ရှင်လောင်းလှည့်သည့်မြင်ကွင်းနှင့် ကျုံး နှင့်ရှင်လောင်းလှည့်တန်းကိုတွဲဖက်ကာ အပေါ်စီးမှမြင် ရသည့်မြင်ကွင်းများအတွက် ဒရုန်းလေယာဉ်အသုံးပြုကာ ရိုက်ကူးလာသည်။

အထူးသဖြင့် မန္တလေးတောင် ဘိုးဘိုးကြီးနတ်နန်းမှ နတ်ပြအပြန်တွင် မန္တလေးတောင်ခြေရှိ ခြင်္သေ့ကြီးနှစ် ကောင်အပေါ်မှ ဒရုန်းလေယာဉ်ကို ပျံသန်းစေကာ ရိုက်ကူးကြသည်။

မန္တလေးမြို့ရှိ ဓာတ်ပုံပညာရှင်များကလည်း မှတ်တမ်းဓာတ်ပုံရိုက်ကူးမှုတွင် ဒရုန်းလေယာဉ်ငယ်ကို အသုံးပြုကာ အလှူရှင်စိတ်ကြိုက် ရိုက်ကူးပုံဖော်လာကြသည်။ အလှူရှင်လောင်းလှည့်မြင်ကွင်းကို ချက်ချင်းပုံကူးကာ အလှူမဏ္ဍပ်ရှေ့တွင် ချိတ်ဆွဲထားပေးကြသည်။ အလှူပွဲလာပရိသတ်များမှာလည်း ဒရုန်းလေယာဉ်ကို အသုံးပြုကာအပေါ်စီးမှရိုက်ကူးထားသော အလှရှုခင်း ပုံများ၊ ခြင်္သေ့ကြီးနှစ်ကောင်နှင့် ရှင်လောင်းလှည်း တန်းတွဲဖက်နေသည့် မြင်ကွင်းကိုအထူးသဘောကျ နှစ် သက်ကြကြောင်း သိရသည်။

ခေတ်မီတိုးတက်လာသောခေတ်တွင် ဓာတ်ပုံပညာရှင်များမှ ခေတ်မီနည်းပညာများ၊ ခေတ်မီကင်မရာများကို အသုံးပြုမှုများပြားလာပြီး အလှူ၊ မင်္ဂလာဆောင်များ၊ ဘွဲ့နှင်းသဘင်ပွဲများနှင့် အခြားပွဲများရိုက်ကူးသည့် ဓာတ်ပုံပညာရှင်များမှာ ဒရုန်းလေယာဉ်ငယ်များကို အသုံးပြုကာ ရိုက်ကူးမှုများလာကြသည်။
(တိမ်တမန်)

No comments:

Post a Comment