
နေပြည်တော် ဧပြီ ၁
ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR အဖွဲ့မှ Senior Human Rights Officer, Mr. Andrew MacGregor နှင့်အဖွဲ့အား ဧပြီ ၁ ရက် မွန်းတည့် ၁၂ နာရီတွင် လွှတ်တော် ရေးရာဆောင် အဆောင်အမှတ်(ှု-၁)၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံရာတွင် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များကို လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်သူလူထုသို့ ပျံ့နှံ့ရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်သော စာအုပ်စာတမ်းများကိုလိုအပ်ပါက ကူညီပံ့ပိုးရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment