Wednesday, November 4, 2015

SPECTRE




ဇာတ်ညွှန်း Neal Purvius & Group က ရေးသားပြီး ဒါရိုက်တာSam Mendes ရိုက်ကူး ထားကာ Columbia မှ ထုတ်လုပ်ဖြန့်ချိထား သော နာမည်ကျော် ဂျိမ်း(စ်)ဘွန်းဇာတ်ကား ဖြစ်သည်။ ပါဝင်ထား သော သရုပ်ဆောင်များ မှာ Daniel Craig, Monica Bellucci, Lea Seydoux တို့ဖြစ်သည်။
ဂျိမ်း(စ်)ဘွန်းသည် ယခင် သူ့အထက်အရာရှိ မကြီး ''အမ်'' ၏ လျှို့ဝှက် အမိန့်အရ မက္ကဆီကိုနိုင်ငံတွင် အားကစားကွင်း ဗုံးကွဲမှုတွင်ပါဝင်ခဲ့သော လူဆိုး ဒဒမာကိုဒဒ ထွက်ပြေးလွတ်မြောက်သွား၍ ၄င်း၏ရဟတ်ယာဉ်ပေါ် သို့ ခုန်တက်ပြီးတိုက်ခိုက်သည်။ မာကိုနှင့် ရဟတ်ယာဉ်မှူးတို့ကို ဘွန်းကတွန်းချပြီး မာကို၏ရေဘဝဲပုံ လက်စွပ်ကို လုယူထားလိုက်သည်။ လန်ဒန်သို့ဘွန်း ပြန်ရောက် သောအခါ လက်ရှိ ''အမ်''အသစ်မှာ ဂျေအိုင်အက်(စ်) (ပူးတွဲထောက်လှမ်း ရေးဌာန)အသစ်၏ အကြီးအကဲ ''စီ''၏ဖိအားပေးခြင်းခံနေရ၍ ဘွန်းကို ကာလအကန့် အသတ်မရှိ တာဝန်မှရပ်စဲလိုက်သည်။ ယင်း ဂျေအိုင်အက်(စ်)တွင် အမ်အိုင် ၅ နှင့် ၆ တို့လည်းမကြာခင်က ပေါင်းစည်းထားသည်။ စီက ဘွန်းပါဝင်ခဲ့သော ''သုည-သုည''ဌာနခွဲကိုဖျက်သိမ်းပြီး မျက်လုံး ကိုးလုံး အမည်ရှိ နိုင်ငံ ကိုးခုပါဝင်မည့် ပူးတွဲထောက်လှမ်းရေးသဘောတူညီချက်ကို ရယူလိုသည်။ ဘွန်းကတားမြစ်ချက်ကိုမနာခံဘဲ မက္ကဆီကိုနိုင်ငံသို့ပြန်သွားကာ မာကို၏ဇနီး မုဆိုးမလေးလူချီးယားနှင့်တွေ့ဆုံရာ မာကိုပါဝင်သည့်ရာဇဝတ် ဂိုဏ်းနှင့် ၄င်းဂိုဏ်း၏အစည်းအဝေးကို ထိုညနေကျင်းပမည့်အကြောင်းသူကပြောပြသည်။
ဘွန်းက ထိုအစည်းအဝေးကို အယောင်ဆောင်တက်ရောက်ခဲ့ရာ အမှောင်ရိပ်ထဲတွင်ထိုင်နေသော ဂိုဏ်းချုပ်ကြီးက ဘွန်းကိုမှတ်မိသွား၍ ဘွန်း မှာ ရောမမြို့အတွင်း မော်တော်ကားတရကြမ်းမောင်းပြေးရသည်။၎င်းနောက် သို့ လုပ်ကြံသတ်ဖြတ်ရေးသမားကြီး မစ္စတာဟင့်(ဇ်)က ထက်ကြပ်မကွာလိုက် လာစဉ် ဘွန်းကသူ၏ ကား တိုင်ဘာမြစ်အတွင်းသို့ထိုးမကျခင်ခုန်ထွက်လိုက် သည်။
လန်ဒန်ရှိမစ္စမန်နီပဲနီက မစ္စတာဝှိုက်မှာ စပက်တာအဖွဲ့ကြီး၏လက်အောက်ခံ ကွမ်တမ်အဖွဲ့ဝင်ဟောင်းဖြစ်ကြောင်း ဘွန်းကိုသတင်းပေးရာ ဖန့်အိုဘာဟော် ဆာ့ဆိုသည့်နာမည်ပိုင်ရှင်အကြောင်း သူ့ကိုဘွန်းက ပြန်စစ် ဆေးခိုင်းသည်။ သြစတြီးယားနိုင်ငံတွင် ဓာတ်ရောင်ခြည်သင့်၍ သေဆုံး တော့မည့် မစ္စတာဝှိုက်ကိုဘွန်းရှာတွေ့သောအခါ ဘွန်းအား စပက်တာ့ဆီ လမ်းညွှန်မည့် လာမယ့်ရီကဲန်းဆီသွားရန် ၄င်း၏သမီး ဒေါက်တာမက်ဒလင်းဆွမ်း ကိုလိုက်ရှာရန်မှာကြားပြီးနောက် စိတ်လှုပ်ရှားဖွယ် အက်ရှင်ဇာတ်ဝင်ခန်း များနှင့် နာမည်ကျော်အေးဂျင့် ဂျိမ်း(စ်)ဘွန်း၏စွန့်စားခန်းများကို ငွေရောင် ပိတ်ကားထက်တွင် ဆက်လက်ရှုစားကြနိုင်ရန် နိုဝင်ဘာ ၆ ရက်မှစပြီး ရန်ကုန်၊ မန္တလေး၊ ပြည်နှင့် အခြားမြို့ကြီးများတွင် နိုင်ငံတကာနှင့် တစ်ပြိုင် တည်းပြသသွားမည်ဖြစ်သည်။
Alez - ရေးသားသည်

No comments:

Post a Comment