
တောင်ကိုရီးယားရဲ့ နာမည်ကျော်အမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့ ''2NE1''မှ ဆန်ဒရာပါ့ခ်ဟာ သူ့ရဲ့ ရုပ်ရှင်သစ် ''Missing Korea''မှာ တောင်ကိုရီးယားအလှမယ်တစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။
KBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသသွားမယ့် ယင်းရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်နေတဲ့ ဆန်ဒရာဟာ လှပပြီး ကျက်သရေရှိတဲ့ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ တကယ့်ကို ပြည့်စုံတဲ့ ကိုရီးယားအလှမယ်လေးတစ်ဦးရဲ့အသွင်ကို ဆောင်နေပြီး သူ့ရဲ့ဓာတ်ပုံကို နိုဝင်ဘာ ၃ ရက်က အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် ထုတ်ဖော်ပြသခဲ့ပါတယ်။
ယင်းရုပ်ရှင်ဟာ ၂ဝ၂ဝ ပြည့်နှစ်မှာ ဖြစ်ပေါ်မယ့်ကိုရီးယားနိုင်ငံရဲ့အခြေအနေကို မှန်းဆကာ ဇာတ်လမ်းဖန်တီးထားတဲ့ စိတ်ကူးယဉ်ဟာသရုပ်ရှင်အမျိုးအစားဖြစ်ကာ အဆိုပါရုပ်သံ ဇာတ်လမ်းတွဲကိုKBS ရုပ်သံလိုင်းမှ နိုဝင်ဘာ ၁၃ရက်တွင် စတင်ထုတ်လွှင့်ပြသသွားမှာဖြစ် ကြောင်း အမ်ဝေ့ဗ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
[အေးပြည့်]
No comments:
Post a Comment