
တောင်ကိုရီးယားမင်းသား လီဗြောင်ဟွန်း ဟာ ကိုရီးယားရဲ့ရုပ်ရှင်လောကမှာသာမက ဟောလိဝုဒ်အထိပါခြေဆန့်နိုင်ခဲ့သူတစ်ဦးပါ။ ၂ဝ၁၅ ခုနှစ် ဇူလိုင်၁ရက်က အမေရိကန် မှာ ရုံတင်ပြသခဲ့တဲ့ သူ့ရဲ့ ဟောလိဝုဒ် ရုပ်ရှင်''Terminator Genisys'' မှာ ရုပ်ရှင်တစ်ခုလုံး အစမှအဆုံးတိုင် အောင် သူ့ရဲ့အပြုံးကို တစ်ခါတောင် မမြင်ခဲ့ရပါဘူး။ ဒါကလည်း သူပါဝင် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင် စရိုက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဟောလိဝုဒ်ရဲ့ရုပ်ရှင် လောကမှာတော့ သူ့ကို အပြုံးမဲ့ မင်းသားလို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၂ရက်က မင်းသားလီဗြောင်ဟွန်း ဟာ သူ့ရဲ့ရုပ်ရှင်သစ် ''Inside Men''ရဲ့ မိတ်ဆက် ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ယင်းရုပ်ရှင်ကတော့ ပြစ်မှုအမျိုးအစားဖြစ်ပြီး တောင်ကိုရီးယားရဲ့လူမှုအဖွဲ့အစည်းကို ကိုင်လှုပ် နိုင်ခဲ့တဲ့ သစ္စာဖောက်မှုတစ်ခုအကြောင်းကို ရိုက်ကူး ထားတဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။
အဆိုပါရုပ်ရှင်မှာ လီဗြောင်ဟွန်းနဲ့အတူ ဂျိုဆန်ဝူး၊ ဘက်ခ်ယွန်စစ်ခ်၊ လီကွမ်ယွမ်၊ ဘေဆောင်ဝူး နဲ့ ကင်မ်ဒေးမြောင်တို့လည်း အတူပါဝင်သရုပ်ဆောင် ထားကာ ယင်းရုပ်ရှင်ကို တောင်ကိုရီးယား၌ နိုဝင်ဘာ ၁၉ရက်မှာ စတင်ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
အေးပြည့် - ရေးသားသည်
No comments:
Post a Comment