
ရီးယဲလ်တောင်ပံတိုက်စစ်မှူး စီရိုနယ်လ်ဒိုက လက်ရှိကမ္ဘာ့အကောင်း ဆုံးကစားသမားဟာမက်ဆီ မဟုတ်ဘဲ သူသာလျှင်ဖြစ်တယ်လို့ အယ်ပီရက်ဇ် နဲ့ အင်တာဗျူးပြုလုပ်စဉ်မှာ ဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်မှာ စီရိုနယ်လ်ဒို က မက်ဆီကိုကျော်လွန်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအော ဆုကို နှစ်ကြိမ်ဆက်ရရှိခဲ့သူပါ။ ဒါပေမယ့် ဘာစီလိုနာက ပြီးခဲ့တဲ့ေ ဘာလုံးရာသီမှာ မက်ဆီရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဖလားသုံးလုံး ဆွတ်ခူးနိုင်မှုကြောင့် ဒီနှစ်ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီကလွဲပြီး ကျန်တဲ့ကစား သမားရနိုင်ခြေမရှိနိုင်ဘူးလို့ ထင်မြင်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။ မှန်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက မက်ဆီပြသခဲ့တဲ့ ခြေစွမ်းကို စီရို နယ်လ်ဒိုအနေနဲ့ မမီခဲ့ပါဘူး။
စီရိုနယ်လ်ဒိုရဲ့ တစ်ဦးချင်းအရည်အသွေးက မက်ဆီကို ယှဉ်နိုင်ပေမယ့် ဖလားလက်မဲ့ ရီးယဲလ်ရဲ့အနေအထားကြောင့် ဒီနှစ်မှာ မက်ဆီဟာ စီရိုနယ်လ်ဒို လက်ထဲက ဘလွန်းဒီအောဆုကို သေချာပေါက် ပြန်လည်ရယူ နိုင်မယ့် အလားအလာတွေမြင်တွေ့နေရပါပြီ။
ဒါပေမယ့် စီရိုနယ်လ်ဒိုက '' ခင်ဗျားတို့ အမြင်မှာ တော့ မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ် ရင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ခေါင်းထဲမှာ တော့ ကျွန်တော်ကသာ မက်ဆီထက်သာတဲ့ ကစား သမားပါ။ လွန်ခဲ့တဲ့ရှစ်နှစ်တာကာလကို ပြန်ပြီး သုံးသပ် ရင် ကျွန်တော့်ရဲ့ခြေစွမ်းကိုတောက်လျှောက်အတက်ဘက် ရောက်အောင် ကျွန်တော် ထိန်းသိမ်းနိုင်ခဲ့တယ်။ ဒါက အပြောလွယ်ပေမယ့် တကယ်လက်တွေ့ ထိန်းသိမ်းဖို့ဆိုတာ ခက်ပါတယ်။ တစ်ဦး ချင်း စွမ်းရည်ဆိုတာ ကလပ်အသင်း ဆုတံဆိပ်ရရှိမှု မရရှိမှုနဲ့ မဆိုင်ပါ ဘူး'' လို့ ပြောခဲ့ပါတယ်။
ရွိုင်ယန်ဟေဒင်
No comments:
Post a Comment