Thursday, November 5, 2015

ဆယ်နာရီကျော်ကြာ မိုးရေထဲမှာ ပေါ့ပ်တေးဗီဒီယိုရိုက်ကူးခဲ့တဲ့ ဆူဇီ




တောင်ကိုရီးယားအမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ''Miss A''မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆူဇီသည် သူ၏တေးသီချင်းသစ် ''The Sound of a Flower '' အတွက် တေးဗီဒီယိုကိုရိုက်ကူးခဲ့ရာ မိုးရေထဲတွင် ဆယ်နာရီကျော်ကြာ အချိန်ပေး၍ ရိုက်ကူးခဲ့ကြောင်း စွန်ပီဒေါ့ကွန်းက ဖော်ပြခဲ့သည်။
ယင်းတေးဗီဒီယိုသည် ဂျိုဆွန်မင်းဆက်လက်ထက်က ပေါ်ပေါက်ခဲ့သည့် ပထမ ဦးဆုံးသော အမျိုးသမီးတေးသံရှင် ဂျန်ချေစန်အကြောင်းကို ပုံဖော်ရိုက်ကူး ထားခြင်း ဖြစ်ကာ အဆိုပါတေးဗီဒီယိုကို CJ Entertainment က နိုဝင်ဘာ ၃ ရက်တွင် အစမ်းထုတ်လွှင့်ပြသခဲ့သည်။
ယင်းတေးဗီဒီယိုတွင် ဆူဇီသည်မိုးရေထဲ၌ အော်ဟစ်ငိုကြွေးနေခဲ့ပြီး မြင့်မားသည့် ကျောက်ဆောင်နှင့် အရှိန်အဟုန်ဖြင့် စီးဆင်းနေသည့် ရေတံခွန်ကြီးကိုလည်း နောက်ခံ မြင်ကွင်းအဖြစ်တွေ့မြင်ရသည်။ ဆူဇီ၏ ယင်းတေးဗွီဒီယိုသစ်ကို နိုဝင်ဘာ ၂၅ရက်တွင် တောင်ကိုရီးယားနိုင်ငံ၌ စတင်ထုတ်လွှင့်ပြသသွားရန်စီစဉ်ထားကြောင်း သိရသည်။
အေးပြည့် - ရေးသားသည်

No comments:

Post a Comment