Wednesday, November 4, 2015

ဘရာဇီးနိုင်ငံမြောက်ပိုင်း အမေဇုန်သစ်တော၌ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွား



The Mirror Daily's photo.


ရီယိုဒီဂျနေးရိုး နိုဝင်ဘာ ၃

ဘရာဇီးနိုင်ငံမြောက်ပိုင်း မာရန်တောင်ပြည်နယ်၌ တောမီးအကြီးအကျယ်လောင်ကျွမ်းလျက်ရှိသည်မှာ နှစ်လခန့်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

အမေဇုန်သစ်တောဒေသ၏ ၇၃၄ စတုရန်းမိုင်ခန့်တွင် တောမီးလောင်ကျွမ်းနေပြီး ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝကို ခြိမ်းခြောက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။

ဒေသန္တရနှင့် ပြည်နယ်အစိုးရအဖွဲ့များက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပြီး တောမီးငြှိမ်းသတ်နိုင်ရန် အာရာရီဘွိုင်ယာ တိုင်းရင်းသားတို့နေထိုင်ရာ ဒေသသို့ မီးသတ်တပ်ဖွဲ့ဝင် ၂၅ဝ ကျော်ကို စေလွှတ်ထားသည်။ အဆိုပါဒေသသည် လူပေါင်း ၁၂ဝဝဝ ခန့် နေထိုင်ရာ တိုင်းရင်းသားကျေးရွာများက ဝန်းရံထားသော ဒေသတစ်ခု ဖြစ်သည်
တောမီးလောင်မှုကြောင့် အတိရူယာဂျာမျိုးနွယ်စုဝင် လူ ၈ဝ ခန့်မှာ ဘေးဒုက္ခများတွေ့ကြုံရလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ လတ်တလော နှစ်ကာလများအတွင်း တောမီး လောင်မှုများအနက် အကြီးကျယ်ဆုံးဖြစ်ကြောင်း ဘရာဇီး သဘာဝအရင်းအမြစ်များသိပ္ပံမှ တောမီးတိုက်ဖျက်ရေး ညှိနှိုင်းရေးမှူး ဂါရီယယ်ဇာချာရီးယတ်က ပြောကြားသည်။

တိုင်းရင်းသားမျိုးနွယ်များနှင့် ဘရာဇီးသစ်ထုတ်လုပ် ရေးကုမ္ပဏီများအကြား ကာလရှည်ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသ၌တောမီးလောင်ခြင်းဖြစ်ကြောင်း၊ ဘရာဇီးနိုင်ငံမှ သစ်တောပြုန်းတီးရမှုအတွက် ယင်းသစ်ထုတ်လုပ်ရေး ကုမ္ပဏီများတွင် တာဝန်ရှိကြောင်း ဇာချာရီးယတ်က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment