
ဖနွမ်းပင် နိုဝင်ဘာ ၃
ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ်ဘုရားကျောင်းသို့ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခွင့်လက်မှတ်ရောင်းရ ငွေမှာ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆၈ သန်းရရှိခဲ့ကြောင်း နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁ ဒသမ ၆၇ သန်းခန့် အဆိုပါ နေရာသို့ လာရောက်လည်ပတ်ခဲ့သဖြင့် ခရီးသွားဦးရေမှာ ယမန်နှစ်ကထက် နှစ်ရာခိုင်နှုန်းတိုးတက်လာကြောင်း အန်ကောဝပ် ဘုရားကျောင်းစီမံခန့်ခွဲရေးအဖွဲ့ဖြစ်သည့် အက်ဆာရာအဖွဲ့က ပြောကြားသည်။
အောက်တိုဘာလအတွင်း ယင်းနေရာသို့ ကမ္ဘာလှည့်ခရီးသွား ၁၅၃၃ဝ၈ ဦး လာရောက်လည်ပတ်ခဲ့သဖြင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၈ သန်း တိုးတက်ရရှိခဲ့ကြောင်း သိရသည်။ ၁၉၉၂ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ခံထားရသော အန်ကောဝပ်ဘုရားကျောင်းသို့ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့မှ ကမ္ဘာလှည့်ခရီးသွားများအများဆုံး လာရောက်ကြသည်။
ဆင်ဟွာ။
No comments:
Post a Comment