
ရှိုင်းမင်းမင်း
ပရီမီယာလိဂ်ပွဲစဉ် (၁၁) မှာ ချယ်လ်ဆီးက လီဗာပူးကိုရှုံးတယ်။ မန်ယူကလည်း ပဲလေ့စ်ကိုအနိုင်မရဘူး။ အခုပွဲစဉ် (၁၂) မှာ ချယ်လ်ဆီးက ကက်ပီတယ်ဝမ်းဖလားမှာရှုံးခဲ့ရတဲ့ စတုတ်နဲ့ဆုံတွေ့နေပြီး မန်ယူကလည်း ဝက်စ်ဘရွန်းနဲ့ဆုံတွေ့နေပါတယ်။ ဒါကြောင့် ချယ်လ်ဆီး နဲ့ မန်ယူနိုင်ပွဲပြန်ရမလားစောင့်ကြည့်ရမယ်။
ဘုန်းမောက် - နယူးကာဆယ် ည ၇း၁၅ (၇-၁၁-၁၅)
နယူးကာဆယ်ခြေက အားနည်းနေဆဲပဲ။ အဝေးကွင်း ပွဲစဉ်တွေမှာ ပိုမိုရုန်းကန်ရတတ်ပြီး အဝေးကွင်း ငါးပွဲမှာ အနိုင်လုံးဝမရဘေး လေးပွဲရှုံးနိမ့်ခဲ့ကာ တိုက်စစ်ကလည်း လေးဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဘုန်းမောက်ကတော့ ခြေသာမန်သာရှိပေမယ့် အိမ်ကွင်းဖြစ်နေပါတယ်။ ဘုန်းမောက်သာနိုင်ပွဲရဖို့ရှိပါတယ်။
ဝက်စ်ဟမ်း - အဲဗာတန် ည ၉း၃ဝ (၇-၁၁-၁၅)
ဝက်စ်ဟမ်းက နောက်ဆုံးပွဲစဉ်မှာ ဝက်ဖို့ဒ်ကို ရှုံးနိမ့် ခဲ့ရတာကြောင့် နိုင်ပွဲပြန်ရရေး အားစိုက်လာဖို့ရှိပါတယ်။ အထူးသဖြင့် ဝက်စ်ဟမ်းရဲ့အသင်းလိုက် ကစားပုံကလည်း ကောင်းမွန်ဆဲဖြစ်ပြီး အိမ်ကွင်းလည်းဖြစ်လို့ အမှားခံမှာ မဟုတ်ပါဘူး။ အဲဗာတန်ခြေကောင်းမွန်ပေမယ့် ဒီပွဲမှာ တော့ သရေလောက်ပဲကစားနိုင်ပါလိမ့်မယ်။
ဆန်းဒါးလန်း - ဆောက်သမ်တန် ည ၉း၃ဝ (၇-၁၁-၁၅)
ဆန်းဒါးလန်းဟာ ဆမ်အလာဒွိုက်စ်လက်ထက်မှာ ကစားပုံပြောင်းလဲလာသလို အမှတ်ဆုံးရှုံးမှုတွေများခဲ့တာ ကြောင့်လည်း အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ဒီပွဲစဉ်မှာတင် ကစား မှာသေချာပါတယ်။ ဆောက်သမ်တန်က ဒီရာသီမှာခြေစွမ်း ပိုင်းတည်ငြိမ်မှုရှိပေမယ့် အဝေးကွင်းပွဲတွေမှာ ရုန်းကန် ရလေ့ရှိတယ်။
နော့ဝှစ်ခ်ျ - ဆွမ်ဆီး ည ၉း၃ဝ (၇-၁၁-၁၅)
မန်စီးတီးကို ရှုံးနိမ့်ခဲ့ပေမယ့် အကောင်းဆုံးခံကစား သွားနိုင်တဲ့ နော့ဝှစ်ခ်ျခြေက မဆိုးဘူးလို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် ပရီမီယာလိဂ်မှာလည်း နောက်ဆုံးလေးပွဲ ရှုံးနိမ့် ခဲ့ရတာကြောင့် နိုင်ပွဲပြန်ရရေးအတွက် အားစိုက်လာမှာ သေချာတယ်။ ဆွမ်ဆီးက အဝေးကွင်းခြေစွမ်းတည်ငြိမ်မှု မရှိပါဘူး။
လက်စတာ- ဝက်ဖို့ဒ် ည ၉း၃ဝ (၇-၁၁-၁၅)
နောက်ဆုံးလေးပွဲဆက်တိုက်အရှုံးကင်းပြီး သုံးပွဲတိတိ အနိုင်ရခဲ့တဲ့ လက်စတာခြေက တည်ငြိမ်မှုရှိပါတယ်။ အိမ်ကွင်းပွဲစဉ်ဖြစ်သလို တတိယနေရာမှာ ဆက်မြဲရေး အတွက်လည်း အမှားခံမှာမဟုတ်ဘူး။ ဝက်ဖို့ဒ်က ဝက်စ်ဟမ်း ကိုအနိုင်ရခဲ့တယ်ဆိုပေမယ့် ခြေကသာမန်သာရှိပါတယ်။
မန်ယူ - ဝက်စ်ဘရွန်း ည ၉း၃ဝ (၇-၁၁-၁၅)
မန်ယူက အခုနောက်ပိုင်း တိုက်စစ်ကစားပုံအားနည်း ပြီး ဂိုးရရေးရုန်းကန်နေရတယ်ဆိုပေမယ့် နှစ်ပွဲဆက် သရေကျခဲ့လို့ နိုင်ပွဲပြန်ရရေးအားစိုက်လာမယ့်အချက်ကို သတိပြုရမယ်။ အိမ်ကွင်းလည်းဖြစ်သလို ဝက်စ်ဘရွန်းခြေ ကလည်း ဒီရာသီမှာ တည်ငြိမ်မှုမရှိပါဘူး။ မန်ယူနိုင် ပွဲပြန် ရဖို့သေချာပါတယ်။
စတုတ်- ချယ်လ်ဆီး နံနက် ဝဝးဝဝ (၈-၁၁-၁၅)
ကက်ပီတယ်ဝမ်းဖလားမှာ ဆုံခဲ့တုန်းက စတုတ်က ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ စတုတ်တို့ အသာရဖို့မလွယ်ပါဘူး။ ချယ်လ်ဆီးက စွမ်းအားနည်းလွန်းနေဆဲဖြစ်ပေမယ့် မဖြစ် မနေအနိုင်ရဖို့လိုအပ်နေတာကြောင့် တင်ကစားမှာပါ။
ဗီလာ - မန်စီးတီး ည ၈းဝဝ (၈-၁၁-၁၅)
မန်စီးတီးဟာ နော့ဝှစ်ခ်ျကိုအနိုင်ရပြီး ထိပ်ဆုံး နေရာမှာ ဆက်လက်တည်မြဲနေတယ်ဆိုပေမယ့် အဂူရို မပါဝင်နိုင်တဲ့ လက်ရှိအချိန်မှာ တိုက်စစ်ကဂိုးသွင်းခြေ မတည်ငြိမ်တာတွေ့ရပါတယ်။ ဗီလာကတော့ ခြေစွမ်း အားနည်းတယ်ဆိုပေမယ့် အမှတ်လိုနေလို့ တင်ကစားသွား မှာပါ။ မန်စီးတီးအနိုင်ရနိုင်ပေမယ့် ဂိုးပြတ်ဖို့ ခက်တယ်။
လီဗာပူး - ပဲလေ့စ် ည ၁ဝး၃ဝ (၈-၁၁-၁၅)
ဂျာဂင်ကလော့လက်ထက်မှာ ပထမဆုံးပရီမီယာ လိဂ်နိုင်ပွဲအဖြစ် ချယ်လ်ဆီးကို အနိုင်ယူနိုင်ခဲ့ပေမယ့် လီဗာပူးမှာတိုက်စစ်ဇုန်အတွင်း အဆုံးသတ်သေချာမှု အားနည်းဆဲပင်ဖြစ်တယ်။ ပဲလေ့စ်ကလည်း ခံစစ်ကစားပုံ ကောင်းတဲ့အသင်း ဖြစ်တာကြောင့် လီဗာပူးအိမ်ကွင်းမှာ ရုန်းကန်ရနိုင်ပြီး ကပ်ပြီးသာအနိုင်ရနိုင်ပါတယ်။
အာဆင်နယ် - စပါး ည ၁ဝး၃ဝ (၈-၁၁-၁၅)
အာဆင်နယ်ခြေစွမ်းက အကောင်းဆုံးပုံစံမှာရှိနေပါ တယ်။ ဆန်းချက်ဇ်နဲ့ အိုဇေလ်ခြေစွမ်းပြနေတာကြောင့် ကွင်းလယ်နဲ့ ထိုးဖောက်ကစားပုံကောင်းမွန်နေပါတယ်။ အိမ်ကွင်းလည်းဖြစ်လို့ မန်စီးတီးကိုဖိအားပေးနိုင်ရေး အာဆင်နယ်အမှားခံမှာလည်း မဟုတ်ဘူး။ စပါးခြေမဆိုး ပေမယ့် အာဆင်နယ်ပဲ ကပ်ပြီးအနိုင်ရမှာပါ။
No comments:
Post a Comment