
ရန်ကုန် နိုဝင်ဘာ ၂
လမ်းမတော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာ ၁ ရက်မှစ၍ မဲဆန္ဒရှင် သက်သေခံလက်မှတ်များ စတင်ထုတ် ပေးနေရာ လာရောက်ထုတ်ယူသူ များပြားသည်ကို ရပ်ကွက်အချို့တွင် မြင်တွေ့ရသည်။ လမ်းသစ်ရိပ်သာ (၁၁)ရပ်ကွက်တွင် နိုဝင်ဘာ ၁ ရက် က လာရောက်ထုတ်ယူသည့် မဲအရေ အတွက်မှာ ၃ဝဝ ဝန်းကျင်ရှိကြောင်း ယင်းရပ်ကွက်နေ ဦးသန်းညွန့်က ဆိုသည်။
နိုဝင်ဘာ ၁ရက်မှ ၇ရက်အတွင်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် သတ်မှတ်ချိန်အတွင်း လာရောက် ထုတ်ယူကြပါရန် ရပ်ကွက်အသီးသီး တွင် လိုက်လံနှိုးဆော်ကြေညာခဲ့သည်။
အဆိုပါ သက်သေခံလက်မှတ် ရှေ့မျက်နှာစာတွင် မိမိမဲပေးရမည့် မဲရုံအမှတ်၊ မဲစာရင်းအမှတ်တို့နှင့် အတူ မဲဆန္ဒပေးခွင့်ရသူ၏ အကြောင်း အရာများ၊တာဝန်ခံလက်မှတ်များ ပါရှိသည့် နောက်ကျောတွင် သတိပြု ရန် အချက်အလက်များနှင့် ရုံးတံဆိပ်ပါရှိသည်။
''နိုဝင်ဘာ ၈ရက်မဲပေးသည့်နေ့တွင် အဆိုပါ သက်သေခံလက်မှတ်ယူ ဆောင်လာပြီး မဲရုံတာဝန်ရှိသူထံပေး အပ်ပါ။ မဲလက်မှတ်ထုတ်ယူပါ။ ယင်း လက်မှတ်၏ ရှေ့မျက်နှာစာတွင် ဖော်ပြသော အချက်အလက်များ မှားယွင်းပါက ပြင်ဆင်ပေးရန် မဲရုံမှူးကို အသိပေးကြပါ။ နောက်ကျောတွင် သတိပြုရန် အချက်အလက်များ ဖော်ပြထားသည်''ဟု (၃)ရပ်ကွက်တွင် သက်သေခံလက်မှတ်ထုတ်ယူခဲ့သူ တစ်ဦးကဆိုသည်။
ယင်း (၃)ရပ်ကွက်တွင် မဲရုံနှစ်ရုံ ဖွင့်လှစ်ထားခြင်း၊ သက်သေခံလက် မှတ်တွင် မိမိမဲပေးရမည့်မဲရုံအမှတ် ဖော်ပြပေးထားရသဖြင့် ကြိုတင်သိရှိ ရကြောင်း ယင်းရပ်ကွက်နေ ဦးမျိုး အောင်က ဆိုသည်။ သက်သေခံ လက်မှတ်တွင် ပြည့်စုံစွာဖော်ပြထား ၍ မဲရုံတွင်မဲပေးရာတွင် အချိန်ကုန် သက်သာစေသည်ဟု လှည်းတန်းလမ်း (၄)ရပ်ကွက်နေ ယင်းရပ်ကွက်မဲရုံ၌ တာဝန်ကျ ဦးအောင်မြင့်က ဆိုသည်။
(မောင်စေအောင်)
No comments:
Post a Comment