Tuesday, November 3, 2015

ကုန်သေတ္တာတင်ယာဉ် အရှိန်လွန်၊ လမ်းလယ်ကတ်တုံးတန်းအားဝင်တိုက်




The Mirror Daily's photo.


ရန်ကုန် နိုဝင်ဘာ ၂

နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီခွဲ က ရန်ကုန်မြို့ ဘုရင့်နောင်လမ်းမကြီး ပေါ် ပါရမီလမ်းဆုံမရောက်မီလမ်း လယ်ရှိ ကတ်တုံးတန်းများအား မြို့ထဲမှ လာသော ၁ဝ ဘီး ကုန်သေတ္တာတင် ယာဉ် ဟီနိုးအမျိုးအစား အဖြူရောင် ယာဉ်အမှတ် ၄ခ/---- မှ အရှိန်လွန် ဝင်တိုက်မိရာ ကတ်တုံးအများအပြား တစ်ဖက်ယာဉ်ကြောပေါ်သို့ ယာဉ် ဦးခေါင်းပိုင်းနှင့်အတူ ရောက်ရှိသွားကြောင်း သိရသည်။

အလားတူ ဖြစ်စဉ်မျိုး ဘုရင့်နောင် လမ်းမကြီးပေါ်တွင် ရွာမကျောင်း လမ်းဆုံအနီး ဖြစ်ပွားခဲ့ဖူးသည်။ သို့ဖြစ်၍ သက်ဆိုင်ရာမှ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ လမ်းလယ်ကတ်တုံးများပေါ်တွင် အနီရောင် လမ်းညွှန် မြားပုံပါ ဆိုင်းဘုတ်ငယ် အများအပြား အောက်တိုဘာလ ကုန်ပိုင်းတွင် စိုက်ထူပေးထားခဲ့ကြောင်း သိရသည်။ (မောင်စေအောင်)

No comments:

Post a Comment