
ညောင်တုန်း နိုဝင်ဘာ ၃
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့တွင် ရေကြီး နစ်မြုပ်ခဲ့သည့် ငါးမွေးတောင်သူများအား ဒုတိယအကြိမ် ကျန်ရှိနေသော ကျေးရွာအုပ်စုရှိ ငါးမွေးတောင်သူများ အားလုံးသို့ ပြန်လည်ထူထောင်ရေးအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းဝင်း က ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ငါးမွေးတောင်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကျေးရွာ ၁၅ အုပ်စုမှ ၁ဝ အုပ်စုကို အောက်တိုဘာ ၂၁ ရက်က (ပထမ အကြိမ်)ဇီးဖြူကျွန်းကျေးရွာ MBG စိုက်ပျိုးမွေးမြူရေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်၍ ယခုကျန်ရှိနေသော ကျေးရွာ ငါးအုပ်စုအား ဒုတိယအကြိမ်ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ငါးမွေးတောင်သူများ အချိန်မီ ပြန်လည်ထူထောင်နိုင်ရေးကို မိမိတို့ဌာနအနေဖြင့် အမြန်ဆုံး ပြန်လည်ပေးခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးသန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် အခြားတာဝန်ရှိသူများက ကျန်ရှိနေသည့် ကျေးရွာအုပ်စု ငါးမွေး တောင်သူများအား တစ်အုပ်ချင်း ငါးသားပေါက်များ ထောက်ပံ့ပေးအပ်သည်။
ယနေ့ ဒုတိယအကြိမ် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်သော ကျေးရွာအုပ်စုများဖြစ်သည့် ဘုရား ကုန်း၊ ဗျောသလန်း၊ အောက်ဆယ်၊ အရွှဲနှင့် ကတုက္ကမကျေးရွာအုပ်စုများမှ ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန် ပမာဏ ၁ဝ၃၆၂ ဒသမ ဝ၂ ဧက ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်ကျော်(ညောင်တုန်း)
No comments:
Post a Comment